Published 15 Sept 2022

၂၀၂၂ခုနှစ် အာဆီယံမိတ်ဖက် မီဒီယာများ ဖိုရမ်ကို စက်တင်ဘာ ၁၅ ရက် ကြာသပတေးနေ့က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေးဒေသ နန်နင်းမြို့မှာ ကျင်းပရာ နိုင်ငံပေါင်း ၇၀ကျော်မှ ဧည့်သည် ၁၈၀ကျော် အွန်လိုင်းနှင့် ကိုယ်တိုင် တက်ရောက်ခဲ့ကြပါတယ်။

“အသိဉာဏ်၊ပူးပေါင်းဆောင်ရွက်မှု၊ပေါင်းစည်းညီညွတ်မှု” ဆိုတဲ့ အာဘော်နှင့် ပြုလုပ်တဲ့ ဒီနှစ်ဖိုရမ်ကို တရုတ်မီဒီယာအုပ်စု CMG နှင့် ကွမ်ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသအစိုးရတို့ ပူးပေါင်းကျင်းပပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ CMG နှင့် အာဆီယံမီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှုအသစ်တွေဖြစ်တဲ့ “ဇီ မျိုးဆက် ဩဇာလွှမ်းမိုးသူများ လေ့ကျင့်ရေးစင်တာ” နှင့် “ တရုတ်-အာဆီယံ မီဒီယာ အရေးပေါ်လိုင်း” စီမံကိန်းနှစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။

ဖိုရမ်နှင့်အတူ CMG နှင့် ကွမ်ရှီကျင်းအစိုးရတို့အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီအပြင် တရုတ်-အာဆီယံ မီဒီယာကွန်ပလက်စ် ဖွင့်ပွဲကိုပါ တစ်ပါတည်းကျင်းပခဲ့ကြပါတယ်။

Source CCTV+

#ASEAN_China_Media_Partners_Forum

#Guangxi_Zhuang

#China_media