Published 4 Sept 2022

1MDB နှင့်ဆက်စပ်တဲ့ အဂတိလိုက်စားမှုကြောင့် ထောင်ကျခံနေရတဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ဟာ  ဒီကနေ့  ဆေးရုံတင်လိုက်ရတယ်လို့ သူ့ရဲ့ အထူးအရာရှိက စက်တင်ဘာ ၄ ရက်က ပြောပါတယ်။

“ သူဟာလက်ရှိ ကွာလာလမ်ပူဆေးရုံမှာ တက်ရောက်ကုသခံနေပါတယ်။ ပူးပေါင်းကူညီပြီး လိုအပ်တာဆောင်ရွက်ပေးကြတဲ့ အကျဉ်းထောင် အာဏာပိုင်တွေနှင့် ကွာလာလမ်ပူဆေးရုံဝန်ထမ်းတွေကိုကျေးဇူးတင်ပါတယ်” လို့  မူဟာမက် မူခလစ် မက်ရီဘီက ပြောပါတယ်။

ဒါပေမယ့် ဆေးရုံတက်ကုသရတဲ့အထိဖြစ်လာရတဲ့ နာဂျစ်ရဲ့ နာမကျန်းမှုအသေးစိတ်ကိုတော့ သူက ပြောမသွားပါဘူး။

နာဂျစ်အခြေအနေဟာတည်ငြိမ်နေပြီး ဆေးကုသဖို့လိုအပ်နေတယ် လို့ အကျဉ်းထောင်အရာရှိတစ်ဦးကပြောတယ်လို့ အက်စထရို အန်ဝါနီ သတင်းဌာနက ပြောပါတယ်။

 အကျဉ်းထောင်အတွင်း မသိရသေးတဲ့ အဖြစ်တစ်ခုအပြီးမှာ ဝန်ကြီးချုပ်ဟာ ကျန်းမာရေးစစ်ဆေးခံရတာဖြစ်တယ်လို့ ယုံကြည်ရတယ်လို့ အရင်းအမြစ်တစ်ခုကပြောပါတယ်။

“ ကျန်းမာရေးစစ်ဆေးမှုတွေပြီးရင်တော့ သိရမှာပါ ။ အချိန်တော့ နည်းနည်းကြာမယ်” လို့ အဆိုပါ အရင်းအမြစ်ကပြောပါတယ်။

အခြားသတင်းပေါ်တယ်တစ်ခုကတော့ ဝန်ကြီးချုပ်ဟောင်းဟာ ကိုယ်တွင်းသွေးယိုစိမ့်မှုတစ်ခုကြောင့် ကွာလာလမ်ပူ ဆေးရုံတင်လိုက်ရတာလို့ ရေးသားပါတယ်။

Source: Straits Times

#Najib Razak

#Najib_Razak_hospitalized

#Hospital_Kuala_Lumpur