Published 30 Aug 2022

တောင်ကိုးရီးယားသရုပ်ဆောင်မင်းသမီး ယိုဂျုအန် Yoo Ju-eun ဟာ တနင်္လာနေ့က ကိုယ့်ကိုကိုယ်အဆုံးစီရင်ပြီး သေဆုံးသွားတယ်လို့ တောင်ကိုးရီးယားမီဒီယာတွေက ဖော်ပြကြပါတယ်။ မင်းသမီးဟာ ကွယ်လွန်ချိန်မှာ (၂၇)နှစ်ရှိပါပြီ။

ဩဂုတ် ၂၉ရက်က သူ့အစ်ကိုအကြီးဆုံးက သူမရဲ့ အင်စတာဂရမ်မှာ သူမသေဆုံးကြောင်းရေးသားခဲ့ပြီး အဲဒီတနင်္လာနေ့ မနက်မှာ ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့လည်း‌ ဖော်ပြထားပါတယ်။ သူမရဲ့ ဈာပနအခမ်းအနားကို ဩဂုတ် ၃၁ ရက် ဗုဒ္ဓဟူးနေ့မှာကျင်းပမှာဖြစ်ပါတယ်။

သူမရဲ့ နောက်ဆုံးရေးခဲ့တဲ့စာတွေကိုလည်း သူမရဲ့ စိတ်ဆန္ဒအရအင်စတာဂရမ်မှာ တင်ပေးလိုက်ပါတယ်လို့လည်း အစ်ကိုကြီး ဖြစ်သူကပြောပါတယ်။

သူမစောစောထွက်ခွာသွားရတဲ့အတွက် အဖွား၊အဖေနှင့်အမေနှင့်အစ်ကိုကြီးကို တောင်းပန်ပါတယ်လို့ သူမက စာထဲမှာ ရေးထားပါတယ်။

“ ကျွန်မတကယ့်ကိုသရုပ်ဆောင်ချင်တာပါ” လို့ လည်းစာထဲမှာရေးထားပါတယ်။

“ သရုပ်ဆောင်ရတာဟာ ကျွန်မအတွက် အဓိပ္ပါယ်အပြည့် ဒါမှမဟုတ် အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဘဝမှာ နေထိုင်ရတာ သိပ်မလွယ်လှဘူး” လို့လည်း သူမကရေးပါတယ်။

သူမဟာ ကွယ်လွန်ပြီးဖြစ်တဲ့ အမေရိကန်ရက်ပါ မက်မီလာရဲ့ Circles (2020) သီချင်းကိုလည်း သူမရဲ့ အင်စတာဂရမ် စတိုရီ မှာ တနင်္ဂနွေညက တင်ထားပါတယ်။အဲဒီအထဲက  ကမ္ဘာကြီးလျောကျဆင်းလာတာကို ကြည့်နေတယ်"Watchin' the world falling down its decline". ဆိုတဲ့ သီချင်းစာသားအပိုင်းကလေးကိုဖြစ်ပါတယ်။

ယိုဟာ Big Forest (2018) ဆိုတဲ့ ဒရာမာဇာတ်မြူးမှာသရုပ်ဆောင်ခဲ့ပါတယ်။ Joseon Survival Period (2019). ဆိုတဲ့ အချိန်ခရီးသွား စီးရီးမှာလည်း ဇာတ်ပို့တစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။

Source: Straits Times

#Yoo Ju-eu

#Yoo Ju-eu_Sucide

#Korea_Drama_actress