#World_Health
Published 30 August 2022

 

ဓမ္မတာစောပြီးလာတတ်တဲ့ အမျိုးသမီးတွေဟာ အခြားသူတွေထက် သွေးဆုံးချိန် ၂ နှစ်စောတတ်ပြီး ထိုမတိုင်ခင်မှာလည်း ဝေဒနာလက္ခဏာများ ခံစားရတတ်ကြောင်း တွေ့ရှိထားပါတယ်။

 

ဟားဗတ်ဒ်ဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ သုတေသီများက အသက် ၃၃ နှစ်မှ ၅၁ နှစ်ကြားအမျိုးသမီးများကို လေ့လာခဲ့ကြပြီး ဓမ္မတာလာခြင်းပြီးဆုံးသွားပြီးနောက် သွေးဆုံးချိန်မှာ ဖြစ်ပေါ်လာတဲ့ဝေဒနာများကို မေးမြန်းခဲ့ပါတယ်။

 

ဓမ္မတာစက်ဝန်းက ပုံမှန်ဆိုရင် ၂၆ ရက်မှ ၃၄ ရက်ကြားကြာတတ်ပြီး အသက် ၅၁ နှစ်ခန့်မှာ သွေးဆုံးကြပေမယ့် ၂၆ ရက်ထက် စောပြီးဓမ္မတာလာတတ်သူတွေဟာ ပျမ်းမျှအားဖြင့် အသက် ၄၉ နှစ်အရွယ်မှာ သွေးဆုံးကြကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

ဓမ္မတာစက်ဝန်းတိုတောင်းတဲ့ အမျိုးသမီးတွေက အိပ်ရေးမဝခြင်း၊ နှလုံးပြဿနာဖြစ်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ ဖြစ်ပေါ်တတ်တာကို သုံးသပ်တွေ့ရှိခဲ့ပါတယ်။

 

ဘဝမှာ ဓမ္မတာစက်ဝန်းပြီးဆုံးပြီး သွေးဆုံးတဲ့အချိန်က ကျန်းမာရေးအခြေအနေ လေ့လာလိုအကောင်းဆုံးအချိန်ဖြစ်ပါတယ်။

 

စောစီးစွာ သွေးဆုံးခြင်းဖြင့် ဟော်မုန်းအပြောင်းအလဲဖြစ်ပေါ်ပြီး ရုတ်တရက်လျော့နည်းသွားကာ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အဆစ်နာခြင်းစတဲ့ ဝေဒနာများအပြင် ဘဝသက်တမ်းကိုပါ တိုတောင်းစေနိုင်တယ်လို့ ဆရာဝန်တစ်ဦးက သတိပေးဖူးပါတယ်။

 

စမ်းသပ်မယ့်အမျိုးသမီးတွေကို အဖွဲ့ ၃ ဖွဲ့ခွဲပြီး နောက်ထပ် ၁၈ နှစ်ကြာတဲ့အချိန် သွေးဆုံးသွားချိန်မှာ ခံစားရတဲ့လက္ခဏာများအကြောင်း မေးမြန်းခဲ့ကြပါတယ်။

 

တွေ့ရှိတဲ့ရလာဒ်များမှာ ဓမ္မတာစက်ဝန်းစောပြီးလာတတ်တဲ့ အမျိုးသမီးတွေဟာ ပုံမှန်ဓမ္မတာလာသူတွေထက် စောစီးစွာသွေးဆုံးနိုင်ချေ ၆၇ ရာခိုင်နှုန်းပိုများကြောင်း သိရှိရပါတယ်။

 

ပုံမှန်ဓမ္မတာစက်ဝန်းရှိသူတွေရဲ့ သွေးဆုံးချိန်ကတော့ ပျမ်းမျှအားဖြင့် အသက် ၅၂ နှစ်အရွယ်ဖြစ်ပါတယ်။

 

သွေးဆုံးကိုင်ဝေဒနာတွေနဲ့ ပတ်သက်ရာမှာလည်း ဓမ္မတာစောတတ်သူတွေက အိပ်ရေးမဝတဲ့ပြဿနာ ၉၂ ရာခိုင်နှုန်း၊ စိတ်ဓာတ်ကျဝေဒနာဖြစ်နိုင်ချေ ၈၅ ရာခိုင်နှုန်း၊ နှလုံးပြဿနာဖြစ်နိုင်ချေ ၆၈ ရာခိုင်နှုန်းပိုများခဲ့ပါတယ်။

 

ဓမ္မတာစောလာတဲ့သူအများစုဟာ လူဖြူများဖြစ်ပြီး များသောအားဖြင့် ဘွဲရပုဂ္ဂိုလ်များဖြစ်ကြောင်း ထူးထူးဆန်းဆန်းတွေ့ရှိထားပါတယ်။

 

ဓမ္မတာစက်ဝန်းပုံစံကိုကြည့်ပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးများကို အကဲဖြတ်နိုင်မှာဖြစ်ပါတယ်။

 

သွေးဆုံးခြင်းဆိုတာက အသက်အရွယ်အရ သဘာဝအတိုင်းဖြစ်ပျက်တာဖြစ်ပြီး ဓမ္မတာမဆုံးခင် ၁၀ နှစ်လောက်အထိ ဝေဒနာများပေါ်ပေါက်တတ်ပါတယ်။

 

ဒီလက္ခဏာတွေသက်သာစေရန် အိပ်ရေးဝအောင်အိပ်ခြင်း၊ ကယ်လ်စီယမ်ဓာတ်ပါဝင်တဲ့ အစားအစာစားသုံးခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

 

သွေးဆုံးချိန်ကာလအတွင်း ဟော်မုန်းများမထုတ်လုပ်နိုင်တာကြောင့် ဟော်မုန်းဖြည့်စွက်စာများ သုံးစွဲနိုင်ပါတယ်။

 

Source: Daily Mail
#Yangon_Media_Group