Published 28 Aug 2022

အီလွန်မတ်စ်ရဲ့ စပေ့စ်အိတ်စ် SpaceX ဂြိုဟ်တုဟာ အမေရိကန်ရဲ့ တီ-မိုဘိုင်းလ် T-Mobile ဆဲလ်ဖုန်နှင့် လာယ့်နှစ်ကစပြီး တိုက်ရိုက်ချိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဲဒါကြောင့်  ဆဲလ်ဖုန်းဆက်သွယ်ရေးတာဝါတိုင်တွေ မရှိတဲ့နေရာတွေအထိ ဆက်သွယ်ပြောဆိုနိုင်တော့မယ်လို့ ကုမ္ပဏီနှစ်ခုက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေညာပါတယ်။

လက်ရှိ ဆဲလ်ဖုန်းအပေါ်မှာပဲအခြေတည်ဆောင်ရွက်မယ့် ဝန်ဆောင်မှုအသစ်ဟာ ကမ္ဘာပတ်လမ်းကြောင်းထဲမှာရှိနေတဲ့ စပေ့စ်အိတ်စ်ရဲ့ ထောင်ပေါင်းများစွာသော စတားလင့်ခ် Starlink ဂြိုဟ်တုတွေကို အသုံးပြုမှာဖြစ်ပါတယ်။  ၂၀၂၃ နှစ်ကုန်ပိုင်းမှာ စာမက်ဆေ့ပိုတဲ့စနစ်ကို စတင်အသုံးပြုမှာဖြစ်ပြီး အဲဒီနောက် အသံဖြင့် ဖုန်းဆက်သွယ်ပြောဆိုခြင်းနှင့် ဒေတာ ဝန်ဆောင်မှုတွေ ဆက်လက်အသုံးပြုနိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။

“ယခုလုပ်ငန်းရဲ့ အရေးကြီးတဲ့အချက်က ခင်ဗျားတို့ရဲ့ဆဲလ်ဖုန်းတွေဟာ ကမ္ဘာပေါ်မှာ သုံးလို့မရတဲ့နေရာ မရှိစေရဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်တယ်”လို့  တက္ကဆပ်က စပေ့စ်အိတ်ချ်ရဲ့ စတားဘေ့စ် Starbase အဆောက်အဦမှာကျင်းပတဲ့ အခမ်းအနားမှာ မတ်စ်က ကြေညာသွားပါတယ်။

ယခုဝန်ဆောင်မှုဟာ အသက်တွေကို ကယ်တင်နိုင်မယ်လို့ပြောပြီး တောင်တက်သမားတစ်ဦး ပျောက်ဆုံးသွားပြီး အကူအညီ တောင်းဖို့ ဖုန်းခေါ်လို့မရတဲ့အခါမျိုးကို သူက ဥပမာပေးသွားပါတယ်။

“ လူတွေ ပျောက်ဆုံးသွားပြီး တကယ်လို့ အကူအညီတောင်းတဲ့ ဖုန်းသာခေါ်ဆိုလို့ရမယ်ဆိုရင်ဘ ကြေကွဲစရာအဖြစ်တွေ ကျွန်တော်တို့ နောင်မှာ ဖတ်ရတော့မှာမဟုတ်ပါဘူး” လို့ သူကဆက်ပြောပါတယ်။

ဂြိုဟ်တုအင်တာနက်တွေဟာ နှစ်ပေါင်းများစွာကတည်းက ရှိနေပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အသုံးပြုသူတွေဟာ စတားလင့် တာမင်နယ်လို့ စက်ပစ္စည်းတွေလိုအပ်နေပါသေးတယ်။

“စတာလင့်တာမင်နယ်မှာရှိတဲ့ လှိုင်းအကျယ်လိုမျိုး ဖြစ်မှာမဟုတ်ဘူး။ စတားလင့်က စာရိုက်ပို့လို့ရတယ်။ပုံပို့လို့ရတယ်။ ဆဲလ်ဇုန်ထဲ လူများများစားစားမသုံးရင် ဗွီဒီယိုနည်းနည်းသုံးလို့ရတယ်” လို့ မတ်စ်က ပြောပါတယ်။

ဝန်ဆောင်မှုအသစ်ဟာ ဈေးနှုန်းနိမ့် ပက်ကေ့ချ် ဝယ်ထားသူတွေအတွက် လစဉ်သုံးခ အနည်းငယ်ကောက်မှာဖြစ်ပေမယ့် ဆဲလ်ဖုန်းရဲ့ သုံးစွဲမှုအစီအစဉ် Planအတော်များများအတွက် အခမဲ့ဖြစ်ပါလိမ့်မယ်လို့  တီမိုဘိုင်းရဲ့ စီအီးအို  မိုက် စီဗတ်က ပြောပါတယ်။

ကောင်းကင်ထဲ ဆဲလ်လျူလာ တာဝါတိုင်တွေ ထောင်ရတယ်ဆိုတာ အများကြီးပဲ ။သိပ်ခက်ခဲတယ်” လို့ သူက ပြောပါတယ်။

ဂြိဟ်တုအင်တာနက်ဈေးကွက်မှာ ယှဉ်ပြိုင်မှုဟာ လျင်မြန်စွာပဲ အရှိန်မြင့်မားနေပါတယ်။ အမေဇုန် Amazon တည်ထောင်သူ ဂျက်ဘီဇော့က ဂြိုဟ်တုပေါင်း ၃၂၀၀ လွှတ်တင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း မကြာသေးခင်က ကြေညာထားပါတယ်။

တရုတ်ကလည်း ကွာဝမ်းလို့ခေါ်တဲ့ ဂြိုဟ်တု တစ်သောင်းသုံးထောင် အတွဲကြီးကို လွှတ်တင်ဖို့ အစီအစဉ်ရှိပြီး ဥရောပ သမဂ္ဂကလည်း ၂၀၂၄ ခုနှစ်အရောက်မှာ ဂြိုဟ်တု ၂၅၀ လွှတ်တင်ဖို့ ဆန္ဒရှိနေပါတယ်။

လာမယ့်နှစ်မှာ စမ်းသပ်အသုံးပြုမယ့် ဝန်ဆောင်မှုဟာ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းကန့်သတ်ထားမှာဖြစ်ပေမယ့် သူ့ကုမ္ပဏီအနေနှင့် ပင်လပ်ရပ်ခြားဈေးကွက်တွေကို အပြန်အလှန် roaming သဘောတူညီချက်တွေနှင့် တိုးချဲ့ဖို့ မျှော်လင့်ထားတယ်လို့ စီဗတ်က ပြောပါတယ်။

Source: AFP

#SpaceX

#T-Mobile

#Satellites_Cell_Phones