Published: 22 Aug 2022

လျှပ်စစ်ဓာတ်အားချွေတာဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ တစ်ပတ်ကို ကျောင်းပိတ်ရက်တစ်ရက်ထပ်တိုးပြီး ရုံးတွေရဲ့ အလုပ်ချိန်တွေကို ဖြတ်တောက်မယ်လို့ အစိုးရက တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီဇယ်နှင့် မောင်းတဲ့ ဓာတ်အားပေးစက်ရုံတွေအားလုံးကို ရပ်လိုက်ရတဲ့အတွက် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကြောင့် ယခုလို ကြေညာလိုက်ရတာဖြစ်ပါတယ်။

ရုရှား-ယူကရိန်းကိစ္စကြောင့် လောင်စာဆီတင်သွင်းရာမှာ ဈေးတွေမြင့်တက်သွားတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့လက နိုင်ငံရဲ့ ဒီဇယ်သုံးဓာတ်အားပေးစက်ရုံ ၁၀ရုံစလုံးကို ရပ်လိုက်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ပြီးခဲ့တဲ့လက တစ်ရက်ကို (၂)နာရီ လျှပ်စစ်မီးဖြတ်တောက်မှုစခဲ့ပေမယ့် နိုင်ငံရဲ့နေရတော်တော်များများမှာတော့ ဒီထက်ရှည်ကြာပြီး မီးတွေပြတ်တောက်နေရပါတယ်၊

ဒီဇယ်စက်ရုံတွေကထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ စုစုပေါင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၂၃,၀၀၀ မဂ္ဂါဝပ်ရဲ့ ၆ ရာခိုင်နှုန်းရှိပါတယ်။ စုစုပေါင်းထုတ်လုပ်မှုရဲ့ သုံးပုံတစ်ပုံကို ပြည်တွင်းနှင့်ပြည်ပက တင်သွင်းတဲ့ သဘာဝဓာတ်ငွေ့တွေနှင့်မောင်းနှင်နေတဲ့ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်တွေက ထုတ်လုပ်ပေးနေတာပါ။

ကျောင်းတွေဟာ ပုံမှန်အာဖြင့် တစ်ပတ်ကို (၆)ရက်တက်ရပြီး သောကြာနေ့ပိတ်ပါတယ်။ ယခုစနေပါထပ်ပိတ်ပြီး တစ်ပတ်ကို နှစ်ရက်ပိတ်ပေးမယ်လို့ ပညာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

အစိုးရရုံးတွေဟာ မနက်၉နာရီကနေ ညနေ ၅နာရီအစား  မနက်၈နာရီကနေ ညနေ ၃နာရီ အလုပ်ချိန်ပြောင်းလဲမှာ ဖြစ်ပြီး ဘဏ်တွေက မနက်၁၀နာရီမှညနေ ၆နာရီဖွင့်လှစ်ရာကနေ မနက် ၉နာရီမှ ညနေ ၄ နာရီအထိပြောင်းလဲမှာဖြစ်ပါတယ်။ ပုဂ္ဂလိကရုံးတွေကတော့ သူတို့လုပ်ငန်းလိုအပ်ချက်နှင့်အညီပြောင်းလဲနိုင်တယ်လို့ကြေညာပါတယ်။ အဲဒီပြောင်းလဲမှုကို ဗုဒ္ဓဟူးနေ့ကနေ စတင်မှာဖြစ်ပါတယ်။

Source: Reuters

#Bangladesh_Power_shortage

#Electricity_crisis

#Bangladesh