Published: 20 Aug 2022

အိန္ဒိယရဲ့ ဖျော်ဖြေရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမှာ ရာစုနှစ်တစ်စုနီးပါးမျှ  လန်ဒန်စတိုင် နှစ်ထပ်ဘတ်စ်ကားတွေကို တိုးချဲ့ပြေးဆွဲလာခဲ့ရာမှာ ယခုတစ်ခါတိုးချဲ့လိုက်တာကတော့ ယခင်နှင့်မတူလှပါဘူး။ ဒီတစ်ခါနှစ်ထပ်ဘတ်စ်ကားတွေကို လျှပ်စစ်ကားတွေအဖြစ် ထပ်မံတိုးချဲ့လိုက်တာဖြစ်ပါတယ်။

ဒီဇင်ဘာလကစပြီး ပထမဆုံး လျှပ်စစ် နှစ်ထပ်ဘတ်စ်ကားကြီး အစင်းရေ ၂၀၀ဟာ မမ်ဘိုင်းရဲ့ အလုပ်များလှတဲ့ လမ်းတွေ အပေါ် ပြေးဆွဲတော့မှာပါ။ အဲဒီကားကြီးတွေဟာ လောလောဆယ်ပြေးဆွဲနေတဲ့ လျှပ်စစ် တစ်ထပ်ဘတ်စ်ကား အစီးရေ ၄၀၀ နှင့်အတူ ပူးပေါင်းကြ ပါလိမ့်မယ်။

လူဦးရေ၁.၄ဘီလျံရှိနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကာဘွန်အထုတ်လုပ်မှု  တတိယမြောက် အများဆုံးနိုင်ငံဖြစ်နေလို့ အစိုးရဟာ ၂၀၇၀ အရောက်မှာ ကာဘွန်ထုတ်လုပ်မှုလုံးဝမရှိစေရေးလျှော့ချဆောင်ရွက်နိုင်ဖို့ ကြိုးစားနေရပါတယ်။

ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံးမြို့တွေထဲမှာ ပါဝင်နေတဲ့ အိန္ဒိယရဲ့ အချို့မြို့တွေဟာ လေထုညစ်ညမ်းမှုကိုလျှော့ချဖို့ လိုအပ်နေတဲ့အတွက် လျှပ်စစ်သုံး အများပြည်သူသယ်ယူပို့ဆောင်ရေးကို မြှင့်တင်ဆောင်ရွက်နေရတာဖြစ်ပါတယ်။

ယခုလျှပ်စစ်ဘတ်စ်ကားတွေကို အိန္ဒိယကားထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်တဲ့ အာရှော့လေးလန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဆွစ် မိုဘီလတီ Switch Mobility က ဖန်တီးထုတ်လုပ်တာပါ။

ကုမ္ပဏီက ထုတ်လုပ်တဲ့ အလားတူ နှစ်ထပ်လျှပ်စစ်ဘတ်စ်ကားတွေကို ၂၀၁၄ခုနှစ်ကတည်းက လန်ဒန်မှာ ပြေးဆွဲနေပြီ ဖြစ်ပါတယ်။

“ လျှပ်စစ်ဓာတ်အားသုံးယာဉ်တွေကို သာမာန်ပြည်သူတွေသုံးစွဲလာစေချင်ပါတယ်။ ဒါမှ နက်ဇီးရိုးဆိုတဲ့ ရည်မှန်းချက်ကို ရရှိမှာဖြစ်ပါတယ်။ဘတ်စ်ကား အစင်း၂၀၀ ကြောင့် နှစ်စဉ် မြို့မှာ အပင် ၈၆၀၀၀(ရှစ်သောင်းခြောက်ထာင်)စိုက်ပေးတာနှင့်ညီမျှပါတယ်။” လို့ ဆွစ်မိုဘီလတီအိန္ဒိယရဲ့ အမှုဆောင်အရာရှိချုပ် မာဟက်ရှ် ဘာဘူက ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ ဘတ်စ်ကားအသစ်ကို ပြသတဲ့ ပွဲမှာအေအက်ဖ်ပီကိုပြောပါတယ်။

he Switch EiV 22 လျှပ်စစ် နှစ်ထပ်ဘတ်စ်ကားတွေဟာ  အိန္ဒိယမှာထုတ်လုပ်ပြီး ခရီးသည် ၆၅ ဦးစီးနင်းလိုက်ပါနိုင်ပြီး ၁၅၅ မိုင်အထိ မောင်းနှင်လို့ရတဲ့ ဘက်ထရီအိမ်ပူးတွဲပါရှိပါတယ်။

ရုပ်ကြွင်းလောင်စာသုံး နှစ်ထပ်ဘတ်စ်အနီကြီးတွေကတော့ ၁၉၃၇ ခုနှစ်ကတည်းက မမ်ဘိုင်းမှာ စတင်ပြေးဆွဲခဲ့ပါတယ်။ ယခုဆိုရင် လူအကြပ်ဆုံးအချိန်မှာ အဲဒီဘတ်စ်ကားတွေဟာ အစီးရေ ၉၀၀ အထိမြို့တွင်းလမ်းကြောင်းတွေမှာပြေးဆွဲနေပါတယ်။

၁၉၉၀ပြည့်လွန်နှစ်တွေကတည်းက ဟောင်းနွမ်းနေတဲ့ အဲဒီဘတ်စ်ကားတွေကိုဖြည်းဖြည်းချင်း အစားထိုးခဲ့ပါတယ်။ ယခုဆိုရင် အဲဒီဘတ်စ်ဟောင်းတွေ အစင်း ၅၀ကျော်လောက်ပဲ ပြေးဆွဲနေတော့တာဖြစ်ပါတယ်။

Source AFP

#Electric_double-decker_Mumbai

#India_Electric_Vehicles

#Electric_Buses