Published 19 August 2022

အက်ပဲလ်က ယင်းရဲ့ အိုင်ဖုန်း၊အိုင်ပက်နှင့် ကွန်ပျူတာတွေမှာ အရေးကြီးတဲ့  လုံခြုံရေးဆိုင်ရောပျော့ကွက်တွေဖြစ်ပေါ်ခဲ့ပြီး အဲဒါကြောင့် ဟက်ကာတွေဟာ အဲဒီပစ္စည်းတွေကို ထိန်းချုပ်မှုပြုလုပ်နိုင်ကြလိမ့်မယ်လို့  ဖွင့်ဟသတိပေးခဲ့ပါတယ်။

အဲဒီ လုံခြုံရေးပညာရှင်တွေရဲ့ သတိပေးချက်ကြောင့် အက်ပဲလ်သုံးသူတွေဟာ သူတို့ရဲ့ ပစ္စည်းတွေကို အဆင့်မြှင့်တင်ဖို့ လိုအပ်လာပြီဖြစ်ပါတယ်။

အက်ပဲလ်က ဘာပြောတာလဲ

လာမယ့်လတစ်ရက်ရက်မှာ ထုတ်ပေးဖို့ရှိတဲ့ iOS 16 ဆော့ဝဲအသစ်ကြိးတစ်ခုမတိုင်ခင် သိပ်မကွာတဲ့အချိန်ဖြစ်တဲ့ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့မှာ ကုမ္ပဏီက လက်ရှိဆော့ဖ်ဝဲကို အဆင့်မြှင့်တင်Update ဖို့ အံအားသင့်စရာ ကြေညာခဲ့ပါတယ်။

အဲဒီဆော့ဝဲလ်အဆင့်မြှင့်ဖို့ကြေညာချက်ဟာ လုံးဝမျှော်လင့်မထားတဲ့ အချိန်ပိုင်းမှာဖြစ်ပြီး အရေးပေါ်လုံခြုံရေး အပြေင်းအလဲတွေ ကြောင့်လို့ဖော်ပြထားပါတယ်လို့ ဖော့ဘ်ရဲ့ နည်းပညာစာရေးဆရာ ဒေးဗစ်ဖီလန်က ပြောပါတယ်။

အကန့်အသတ်နှင့်သာဖော်ပြထားတဲ့အသေးစိတ်အချက်အလက်ကို အက်ပဲလ်ရဲ့ ဆော့ဝဲလ်အဆင့်မြှင့် ပေ့ချ်ကနေသာ ဖော်ပြခဲ့တာဖြစ်ပြီး ကုမ္ပဏီကနေ မကြေညာခဲ့ပါဘူး။

အဲဒီလုံခြုံရေးပျော့ကွက်တွေကို ဘယ်သူတွေ့ခဲ့တာလဲ ဘယ်လိုတွေ့တာလဲ ဆိုတာ အက်ပဲလ်ကမဖော်ပြဘဲ သူ့ရဲ့ စာထဲမှာ အမည်မဖော်လိုသူ သုတေသနသမားတွေဆီက လို့ပဲ ရေးထားပါတယ်။

Telegram Channelတွင်ဖတ်ရှုလိုပါက

အက်ပဲလ် ဆော့ဝဲရဲ့ အစိတ်အပိုင်းနှစ်ခုပြဿနာလို့ ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။ အဲဒါတွေက အိုင်အိုအက်စ်နှင့် အချက်အခြာဖြစ်တဲ့ kernel အပိုင်းနှင့် ဝက်ဘ်ဘရောင်စာအင်ဂျင် WebKit တို့ဖြစ်ကြပြီး အဲဒီအားနည်းချက်တွေကြောင့် ကုတ်ဒ်တွေကို ထင်သလိုပြောင်းလဲလုပ်ပစ်လိုက်နိုင်တာဖြစ်ပါတယ်။

ဘာသဘောလဲ

ဒီပျော့ကွက်ကြောင့်ဟက်ကာဟာ အက်ဒမင်အဖြစ် ကိုယ့်ပစ္စည်းထဲ အပြည့်အဝဝင်ရောက်လုပ်ဆောင်နိုင်သွားမယ့် သဘောဖြစ်ပါတယ်။

အဲဒါကြောင့် ကျူးကျော်ဝင်ရောက်မယ့်သူဟာ ပိုင်ရှင်အယောင်ဆောင်ပြီး သူတို့အမည်နှင့် ကြိုက်တဲ့ ဆော့ဝဲတွေ သွင်းနိုင်မယ်လို့ ဆိုရှယ်ပရုဖ် လုံခြုံရေးမှူးချုပ် ရာချဲလ် တိုဘက်ကပြောပါတယ်။

ဒီလိုပျော့ကွက်တွေနှင့်ပတ်သက်လို့ ကျွမ်းကျင်တဲ့ ကုမ္ပဏီတွေထဲကတစ်ခုဖြစ်တဲ့ အစ္စရေးရဲ့ အင်န်အက်စ်အိုအုပ်စုက  ပစ်မှတ်ထားတဲ့ စမတ်ဖုန်းတွကို လျှို့ဝှက်စွာကူးစက်ပြီးတော့ သူတို့ရဲ့ contentsတွေကို ထုတ်ယူပြီး အချိန်နှင့်တပြေးညီ ပစ်မှတ်တွေကို စုံစမ်းထောက်လှမ်းတတ်ကြတယ်လို့ ပြောပါတယ်။

MacOS.

ပြဿနာဖြေရှင်းနိုင်ပြီလား

အက်ပဲလ်ရဲ့ အဆင့်မြှင့်တင်ရေးပေ့ချ်ကတော့ အဆင့်မြှင့်တင်လိုက်တာနှင့် အဲဒီပြဿနာတွေ ပြေလည်သွားပြီလို့ရေးထားပါတယ်။

ဘယ်ကိရိယာ/ပစ္စည်းတွေ အဆင့်မြှင့်ဖို့လိုသလဲ

  • iPhone 6s and later
  • iPad Pro (all models)
  • iPad Air 2 and later,
  • iPad 5th generation and later
  • iPad mini 4 and later
  • iPod touch (7th generation)
  • Mac computers running MacOS Monterey

Source :ABC News

#Apple

#Serious_security_vulnerabilities

#Hacker_alert