Published 17 August 2022

မငြိမ်မသက်ဖြစ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဗုဒ္ဓဟူးနေ့ ဩဂုတ် ၁၇ ရက်က မီးကွင်းပစ်တိုက်ခိုက်မှုတွေကြောင့် နေရာ ဒါဇင်ခန့်မှာ မီးလောင်ပေါက်ကွဲမှုတွေဖြစ်ပြီး လူ(၇)ဦးဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

တိုက်ခိုက်ခံရတဲ့‌ နေရာအများစုဟာ ဓာတ်ဆီဆိုင်တွေအတွင်းက  အလွယ်ဝယ် စတိုးဆိုင်တွေဖြစ်ကြတယ်လို့ အရာရှိတွေက ပြောပါတယ်။ အဲဒီနေရာအားလုံးဟာ ပက်တန်နီ၊ယာလာနှင့် နာရက်သီဝတ် ပြည်နယ်တွေမှာတည်ရှိကြတာဖြစ်ပါတယ်။

အဲဒီဖြစ်ရပ်တွေကြောင့် လူ(၇)ဦးဟာ ထိခိုက်မှု အနည်းအကျဉ်းရှိခဲ့ပါတယ်လို့ ထိုင်းစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ စီစီတီဗွီက အရုပ်တွေနှင့် အခြားအထောက်အထားတွေစုဆောင်နေတယ်လို့ ရဲကပြောပါတယ်။

မီးနှင့် ဒီလိုဘာ့ကြောင့်တိုက်ခိုက်ကြသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိကြရသေးပဲရှိပါတယ်။ စစ်သွေးကြွတွေက  ထိုင်းရဲ့အဲဒီပြည်နယ်နှင့် လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်လေ့တော့ရှိကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ထိုင်းတောင်ပိုင်းမှာ ထိုင်းစစ်တပ်နှင့်သူပုန်တွေအကြား ပစ်ခတ်မှုတွေ စဲသွားခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အောက်တိုဘာလတုန်းကတော့ ခြောက်ရက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး လူ(၆)ဦးသေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတော့ ထိုင်းအစိုးရနှင့် သူပုန်အဖွဲ့ဖြစ်တဲ့ “ဘာရီဆန် ရီဗိုလူစီ နာရှင်နယ်” အဖွဲ့တို့ (၂)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ  လူချင်းတွေ့ဆုံခဲ့ကြပါတယ်။ဒါပေမယ့် ဘာတစ်ခုမှရလာဒ်မထွက်ခဲ့ပါဘူး။

၂၀၀၄ခုနှစ်ဇန်နဝါရီမှာ သူပုန်ထမှုပြန်ဖြစ်ခဲ့ပြီးတဲ့နောက် ထိုင်းနိုင်ငံရဲ့ တောင်ဘက်အစွန်းမှာ လူပေါင်း ၇၀၀၀ကျော်သေဆုံးခဲ့ရပြီး လူပေါင်း တစ်သောင်း သုံးထောင်ငါးရာခန့် ဒဏ်ရာရရှိခဲ့ကြပါတယ်လို့ ပြည်တွင်း ဉာဏ်ကြီးရှင်အဖွဲ့ဖြစ်တဲ့ Deep South Watch ရဲ့အဆိုအရသိရပါတယ်။

Source AFP

#Thailand_Southern

#Arson_Attacks_Thaland

#Thailand_Politics