Published 11 August 2022

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံးနှင့် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးတို့က “ ထိုင်ဝမ် အရေးကိစ္စနှင့် ခေတ်သစ်တွင် တရုတ်၏  ပြန်လည်ပေါင်းစည်းရေး” အမည်ဖြင့် စက္ကူဖြူ စာတမ်းတစ်ခုကို ထုတ်ဝေလိုက်ပါတယ်။

တရုတ်ဟာ ထိုင်ဝမ်ရဲ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ အချက်ကိုထပ်လောင်းအတည်ပြုခြင်း၊ အမျိုးသား ပြန်လည်ပေါင်းစည်းရေးအပေါ် တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ်ပြည်သူတွေနှင့် သူတို့ရဲ့ ကတိကဝတ်တွေကို လက်တွေ့ပြသခြင်းနှင့် ခေတ်သစ် တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရတို့ရဲ့ ရပ်တည်ချက်နှင့် မူဝါဒတွေကို အလေးပေးဖော်ပြခြင်းတို့အတွက် အဲဒီစက္ကူဖြူစာတမ်းကို ထုတ်ဝေလိုက်တာဖြစ်တယ်လို့ ဆင်ဟွာသတင်းမှာဖော်ပြထားပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် ၂၇၅၈ဟာ တရုတ် တစ်နိုင်ငံတည်း သဘောတရားရဲ့ တရားဝင်အာဏာဟာ သံသယဖြစ်စရာမလိုဘဲ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုတယ်ဆိုတာကို အတိုဆုံးနှင့်အရှင်းဆုံးဖော်ပြတဲ့ နိုင်ငံရေးစာရွက်စာတမ်းတစ်ခုဖြစ်တယ်လို့ စက္ကူဖြူ စာတမ်းက ရေးသားထားပါတယ်။

တရုတ်တစ်နိုင်ငံတည်း အခြေခံသဘောတရားဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့ အားလုံးသဘောတူတဲ့ အမျာဆန္ဒကို ကိုယ်စားပြုပြီး နိုင်ငံတကာဆက်ဆံရေးရဲ့ အခြေခံစံနှုန်းတွေပါဝင်တယ်လို့ အဆိုပါစာတမ်းကပြောပါတယ်။

“ ကျွန်ုပ်တို့ဟာ တရုတ်တစ်နိုင်ငံဖြစ်သည်။ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းဖြစ်သည်။ ယင်းသည် သမိုင်းနှင့် ဥပဒေက ထောက်ခံပေးထားသော အငြင်းပွားစရာမလိုသည့် အချက်ဖြစ်သည်။ ထိုင်ဝမ်သည် နိုင်ငံတစ်နိုင်ငံ ဘယ်တော့မှမဟုတ်။ တရုတ်၏ အစိတ်အပိုင်းဟူသော အဆင့်အတန်းသ်ည ဘယ်သောအခါမှပြောင်းလဲမည်မဟုတ်ပေ” လို့ စာတမ်းကရေးပါတယ်။

ထိုင်ဝမ်အရေးကိစ္စဖြေရှင်းရန်နှင့် တရုတ်၏ ပြီးပြည့်စုံသော ပြန်လည်ပေါင်းစည်းခြင်းကို လက်တွေ့နားလည်သည် သမိုင်းပေး မစ်ရှင်တစ်ခုကို တရုတ်ကွန်မြူနစ်ပါတီက ဆောင်ရွက်ရန် ကတိကဝတ်ပြုတယ်လို့လည်းဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုအောက်မှာ ထိုင်ဝမ်ရေလက်ကြားက နှစ်ဘက်သောပြည်သူတွေဟာ ရေလက်ကြားတစ်လျောက် တင်းမာမှုလျှော့ချရေးအတွက် အတူတကွအလုပ်လုပ်ခဲ့ကြတယ်လို့လည်းပြောပါတယ်။

သူတို့ဟာ ငြိမ်းချမ်းသော ဖွံဖြိုးတိုးတက်ရေးလမ်းကြောင်းကို ချမှတ်ခဲ့ကြပြီး ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးတွေ တိုးတက်စေဖို့ များစွာသော အောင်မြင်ဖြစ်ထွန်းမှုတွေလုပ်ခဲ့ကြတယ်လို့လည်း စာတမ်းမှာရေးပါတယ်။

ဒီမိုကရက်တစ်တိုးတက်ရေးပါတီ အာဏာပိုင်တွေရဲ့ လုပ်ဆောင်မှုဟာ ရေလက်ကြားဖြတ်ကျော်တင်းမာမှုတွေ ရရှိခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို အန္တရာယ်ဖြစ်စေခဲ့တယ်။ပြီးတော့ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းဖို့ အလားအလာတွေကို လျော့ပါးစေပြီး ခွင်ကို ကန့်သတ်သွားစေတယ်။ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်တွေ တိုးတက်ဖို့ ဒီအတားအဆီးတွေကို ဖယ်ရှားရမယ်လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။

ထိုင်ဝမ်ခွဲထွက်ရေးသမားတွေဟာ ပြင်ပအင်အားတွေအပေါ်မှီခိုနေလို့ ဘာမှရမှာမဟုတ်ဘဲ ထိုင်ဝမ်ကိုအသုံးချပြီ တရုတ်ကို ထိန်းချုပ်ဖို့လုပ်ဆောင်တာတွေဟာ ပျက်စီးခြင်းကြုံပြီးကျရှုံးရလိမ့်မယ်။ အမျိုးသားပြန်လည်ပေါင်းစည်းရေးကို ရှေ့ရှုလည်ပတ်တဲ့ သမိုင်းဘီးတွေကို ဘယ်လို့ တစ်ဦးချင်း ဘယ်လို အင်အားတွေနှင့်မှ ရပ်တန့်နိုင်လိမ့်မယ်မဟုတ်ဘူးလို့လည်း စာတမ်းကရေးသားပါတယ်။

“ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို လက်တွေ့သဘောပေါက်ဖို့  ပြည်မနှင့်ထိုင်ဝမ်တို့ဟာ သူတို့ကိုယ်ပိုင် လူမှုရေးစနစ်နှင့် အတွေးအခေါ်တွေရှိတယ်ဆိုတာ ကျွန်ုပ်တို့ အသိအမှတ်ပြုကြရမှာဖြစ်တယ်။ နိုင်ငံတစ်ခု ၊စနစ်နှစ်ခု အခြေခံသဘောတရားဟာ ဒီပြဿနာအတွက် အကျုံးဝင်ဆုံးသော အဖြေဖြစ်တယ်။ ထိုင်ဝမ်အရေးကိစ္စအတွက် ငြိမ်းချမ်းသောအဖြေရှာရန်မှာ ဒီမိုကရေစီသဘောတရားကို အခြေခံပြီး စိတ်ရင်းစေတနာရင်းဖြင့် ချည်းကပ်ကြကာ နှစ်ဖက်အကျိုးရှိအောင်လုပ်ဆောင်ကြရမှာဖြစ်တယ်။ မတူညီတဲ့ လူမှုစနစ်ဟာ ပြန်လည်ပေါင်းစည်းရေးအတွက် အတားအဆီးမဖြစ်သလို ခွဲထွက်ဖို့ အကြောင်းပြချက်လည်းမဟုတ်ဘူး” လို့ စာတမ်းတစ်နေရာမှာ ဖော်ပြထားပါတယ်။

“ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့ အရိုးသားဆုံးနှင့် အတတ်နိုင်ဆုံးကြိုးပမ်းအားထုတ်မှုတွေနှင့်လုပ်ဆောင်မယ်။ ဒါပေမယ့် အင်အားအသုံးပြုတာကိုတော့ ငြင်းဆိုမှာမဟုတ်ဘူး။ လိုအပ်တဲ့အရေးယူမှုလုပ်ဆောင်မှုအတွက် နည်းလမ်းကိုအရန်သင့် လုပ်ထားမယ်။ ဒါဟာ ပြင်ပ စွက်ဖက်မှုနှင့် ခွဲထွက်ရေးလှုပ်ရှားမှုတွေကို စောင့်ကြပ်ဖို့ဖြစ်တယ်။ထိုင်ဝမ်က  ကျွန်ုပ်တို့ရဲ့ တရုတ်ရောင်းရင်းတွေကို ရည်ရွယ်စရာ အကြောင်းကိုမရှိဘူး။ တောင်းဆိုတဲ့ အခြေအနေတစ်ခုခုကြောင့်သာ အင်အားသုံးတာကို နောက်ဆုံးနည်းလမ်းအဖြစ်အသုံးပြုမယ်” လို့ စာတမ်းကရေးသားထားပါတယ်။

Source: Xinhua

#White_paper_CPC

#Taiwan_China

#CPC_White_Paper_Reunification