Published 10 August 2022

ဂရန်းဆလမ်း ချန်ပီယံ ၂၃ ကြိမ်ရခဲ့တဲ့ တင်းနစ်ချန်ပီယံ ဆီရီနာ ဝီလီယမ်ဟာ တင်းနစ်ကနေ ဖြည်းဖြည်းချင်း ဆုတ်ခွာနေပြီးနောက် ယခုလကုန်ပိုင်းမှာ ကျင်းပမယ့် ယူအက်စ် အိုပင်း ပြိုုင်ပွဲအပြီးမှ တင်းနစ်လောကမှ အနားယူဖို့ စီစဉ်ထားတယ်လို့သူမက ပြောပါတယ်။

“ အငြိမ်းစားယူတယ် ဆိုတဲ့ စကားလုံးကို ကျွန်မဘယ်တုန်းကမှ သဘောမကျခဲ့ဘူး” လို့ ဝီလီယံက Vogue စာစောင်တစ်ခုမှာ ဆောင်းပါးရေးခဲါ့ပတယ်။

“ အကောင်းဆုံးဖော်ပြမယ့် စကားလုံးကိုပြောရရင် တရွေ့ရွေ့ဆင့်ကဲပြောင်းလဲခြင်းပဲ။ ကျွန်မအတွက် အရေးကြီးတဲ့အခြားကိစ္စတွေကို ဦးတည်ပြီး တင်းနစ်ကနေ တရွေ့ရွေ့ ဖယ်ခွာနေပါပြီလို့ ဒီနေရာကနေ ကျွန်မပြောပါတယ်” လို့ သူမကပြောပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကျွန်မ ဆီရီနာ ဗင်ချား Serena Ventures ဆိုတဲ့ အရင်းအနှီးကုမ္ပဏီတစ်ခု ကိုတိတ်တိတ်ကလေး စခဲ့တယ်။ အဲဒီနောက်သိပ်မကြာ ကျွန်မ မိသားစုတစ်ခုကိုစတင်ခဲ့တယ်။ အဲဒီမိသားစုကို ကျွန်မဖွံ့ဖြိုးတိုးတက်စေချင်တယ်” လို့ သူမက ပြောပါတယ်။

Source: Reuters

#Serena_Williams

#Serena_Williams_Retirement

#Serena_Williams_evolving_away_from_tennis