Published: 8 August 2022

ထိုင်ဝမ်ဟာ အမေရိကန်ရဲ့ အစိတ်အပိုင်းတစ်ခုမဟုတ်ဘဲ တရုတ်ရဲ့ ပိုင်နက်သာဖြစ်တယ် လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက တနင်္ဂနွေနေ့ကပြောကြားလိုက်ပါတယ်။

ဒါဟာ အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်သွားရောက်ပြီးကတည်းက အမေရိကန်မူဝါဒကို ဆန့်ကျင်တဲ့ တရုတ်ရဲ့နောက်ဆုံး သံတမန်ရေးရာ ပြင်းထန်စွာပြောဆိုမှုဖြစ်ပါတယ်။

အမေရိကန်ဟာ ထိုင်ဝမ်ပြဿနာပေါ် တစ်ပတ်ရိုက် ဆက်ဆံဆောင်ရွက်မှုတွေလုပ်နေပြီး ထိုင်ဝမ်နှင့်ပတ်သက်လို့ တရုတ်ရဲ့ ဆောင်ရွက်မှုဟာ သင့်လျော်ပြီး ဥပဒေနှင့်ညီတယ်လို့ သူကပြောပါတယ်။ အဲဒီအပြင် နိုင်ငံရဲ့ အလေးအမြတ်ထားတဲ့ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို စောင့်ကြပ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့လည်း ဝမ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်နေတဲ့ ခရီးစဉ်အတွင်း ပြောကြားခဲ့ပါတယ်။

Source: Reuters

#China_US

#China_Taiwan

#China_FM_Wang_Yi