Published 5 August 2022

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ ထိုင်ဝမ်ဒေသသို့ သွားရောက်ခဲ့သည့် အပေါ် တုန့်ပြန်သည့် အရေးယူမှု အသစ် (၈)ခုအဖြစ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အချို့ကို ပယ်ဖျက်ဆိုင်းငံ့ကြောင်း  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၅ ရက် သောကြာနေ့က ထပ်မံထုတ်ပြန်လိုက်ပါတယ်။

တရုတ်ရဲ့ ပြင်ထန်တဲ့ကန့်ကွက်မှုတွေအပေါ် အလေးမထားခဲ့တဲ့အတွက် ပီလိုစီရဲ့ ထိုင်ဝမ်သွားရောက်မှုအပေါ် ယခုလိုတုန့်ပန် ဆောင်ရွက်မှုတွေလုပ်ခဲ့ရတာလို့ တရုတ်ကပြောပါတယ်။

ထပ်မံအရေးယူလုပ်ဆောင်မှု(၈)ခုကတော့

၁။ တရုတ်-အမေရိကန်စစ်တိုင်းမှူးများဆွေးနွေးပွဲ ပယ်ဖျက်ခြင်း

၂။ တရုတ်-အမေရိကန် ကာကွယ်ရေးမူဝါဒ ဆွေးနွေးပွဲ ပယ်ဖျက်ခြင်း

၃။ တရုတ်-အမေရိကန် စစ်ဘက်ဆိုင်ရာ ရေကြောင်း တိုင်ပင်ဆွေးနွေးမှုသဘောတူညီချက်အစည်းအဝေး ပယ်ဖျက်ခြင်း

၄။တရုတ်-အမေရိကန် တရားမဝင်ရွှေ့ပြောင်းသူများ ပြန်လည်လက်ခံရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ဆိုင်းငံ့ခြင်း

၅။တရုတ်-အမေရိကန် ရာဇဝတ်အရေးကိစ္စဆိုင်ရာ ဥပဒေ အထောက်အကူပြုပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ဆိုင်းငံ့ခြင်း

၆။ တရုတ်-အမေရိကန် နိုင်ငံဖြတ်ကျော် မူခင်းများ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ဆိုင်းငံ့ခြင်း

၇။ တရုတ်-အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ဆိုင်းငံ့ခြင်း

၈။ တရုတ်-အမေရိကန် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဆွေးနွေးပွဲ ဆိုင်းငံ့ခြင်း တို့ဖြစ်ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source: CCTV+

#China_countermeasure_against_Pelosi’s_Visit

#China_US

#China_Taiwan