Published: 24 July 2022

Meta က ယင်းရဲ့ ဖေ့စ်ဘုတ်ခ်နှင့် အင်စတာဂရမ် အက်ပလီကေးရှင်း နှစ်ခုစလုံးကို ယင်းရဲ့ ပြိုင်ဘက် တစ်ခ်တော့ခ်နှင့် ပိုဆင်တူလာအောင် လုပ်ဆောင်နေပါတယ်။ တစ်ခ်တော့ခ်က Metaကို ဘယ်လောက်အထိ လက်ရှိမှာ ခြိမ်းခြောက်  နေတယ်ဆိုတာကို  ဒီလိုလိုက်ပါပြောင်းလဲနေခြင်းက ပြသနေပါတယ်။

၁၅မိနစ်အောက် မည်သည့်ဗွီဒီယိုမဆို အခု အချိန်ကစပြီး Reel ဗွီဲဒီယိုထဲ ပြောင်းလဲထည့်သွင်းပေးမယ်လို့ အင်စတာဂရမ်က ကြာသပတေးနေ့တုန်းက ကြေညာခဲ့ပါတယ်။ အကယ်လို့ အဲဒီဗွီဒီယိုက အများပြည်သူအကောင့်တစ်ခုကနေ တင်ထားတာဆိုရင် အခြားအကောင့်တွေဆီ အလိုလိုပြသအောင် ကုမ္ပဏီရဲ့ ထောက်ခံမှုပေးတဲ့ အယ်ဂိုရစ်သမ်စနစ်ထဲ သူ့အလိုလို ပို့ပေးမှာဖြစ်တယ်လို့ ကုမ္ပဏီကကြေညာပါတယ်။

အင်စတာဂရမ်ဟာ Reel ကို အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၀က စတင်ခဲ့ပါတယ်။ အဲဒီပုံစံကို တစ်တော့ခ်ရဲ့ ဗွီဒီယိုအတိုကလေးတွေအတိုင်း လိုက်ပြီးပုံစံတူလုပ်တာလို့ အများစုက ယူဆထားကြတာဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ခ်ကလည်း ယင်းရဲ့ IOS နှင့် Android အက်ပလီကေးရှင်းပေါ်က  ဂန္တဝင် News Feed ကို ခွဲထုတ်နေပါတယ်။ ဖေ့စ်ဘုတ်ခ်အနေနှင့် အသုံးပြုသူတွေ စိတ်ဝင်စားလိမ့်မယ်လို့ ထင်ထားတဲ့ အကြောင်းအရာတွေကို ကုမ္ပဏီရဲ့ ရှာဖွေမှု အင်ဂျင်ကနေ အများမြင်နိုင်အောင် တိုးမြှင့်ဆောင်ရွက်ပေးမှာဖြစ်ပြီး အဲဒါတွေကို "Home" tab ပေါ် ချက်ခြင်းတင်ထားပေး မှာဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ခ်အသုံးပြုသူတွေဟာ သူတို့ရဲ့ friends တွေနှင့် သူတို့ ဖော်လို လုပ်ထားတဲ့  ပေ့ချ်တွေကိုတော့ ယခင် Home Tab ကနေ Tab အသစ်ဖြစ်တဲ့ "Feeds" tab မှာ ပြောင်းလဲကြည့်ရှုနိုင်ကြမှာဖြစ်ပါတယ်။

ကုမ္ပဏီဟာ တစ်ခ်တော့ဆီကနေ  မကြုံစဖူးသော ပြိုင်ဆိုင်မှုအတိုင်းအတာတစ်ခုအထိ ရင်ဆိုင်နေရတယ်လို့ ဇူကာဘတ်က သူ့ ဝန်ထမ်းတွေကို ဖေဖော်ဝါရီလတုန်းကပြောထားပါတယ်။

“ လူတွေဟာ သူတို့အချိန်တွေ ဘယ်လိုဖြုန်းရမယ်ဆိုတာနှင့်ပတ်သက်ပြီး ရွေးချယ်စရာတွေ အများကြီးကိုဖြစ်လာပြီ။ တစ်ခ်တော့လိုမျိုးတွေဟာ  ခပ်မြန်မြန်ကြီးထွားလာနေတယ်” လို့ ကုမ္ပဏီတစ်ခုလုံးနှင့် အစည်းအဝေးမှာ ဇူကာဘတ်က ပြောခဲ့တယ်လို့ ဘလွမ်းဘတ်သတင်းဌာနက ရေးသားပါတယ်။

၂၀၂၁ ခုနှစ် နောက်ဆုံးလေးလပတ်မှာ ဖေ့စ်ဘုတ်အသုံးပြုသူအရေအတွက် ပထမဆုံးအဖြစ် မကြုံစဖူးကျဆင်းခဲ့တာပါ။

လက်ရှိမှာ လစဉ် ဖေ့စ်ဘုတ်ခ်နှင့် အင်စတာဂရမ်တွေထက် Gen Zတွေဟာ ပိုပြီးအသုံးပြုနေကြတာဖြစ်ပါတယ်လို့ Insider Intelligenceရဲ့ ၂၀၂၁ စစ်တမ်းအရသိရပါတယ်။ Meta  ရ့ ကိုယ်ပိုင်ကြေညာအင်ပါယာနှင့်ယှဉ်ရင် အတော်သေးငယ်ပေမယ့် တစ်ခ်တော့ခ်ရဲ့ ကြေညာလုပ်ငန်းကလည်း တိုးတက်ကြီးပွားလာနေပါတယ်။  တစ်ခ်တော့ကြေညာဟာ တွစ်တာနှင့် Snapchat နှစ်ခုပေါင်းကို ကျော်ဖြတ်သွားခဲ့ပြီဖြစ်ပါတယ်။

ဖေ့စ်ဘုတ်ခ်နှင့်အင်စတာဂရမ်ကို ပြောင်းလဲမှုတွေလုပ်တာဟာ တစ်ခ်တော့ကို ကော်ပီကူးတာလားလို့ Insider က မေးမြန်းမှု အပေါ် Meta က မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။

#Source_insider

#Facebook_Instagram_copy_TikTok

#TikTok_threatened_Meta

#Social_Media_platforms