Published: 22 July 2022

တရုတ်နိုင်ငံရဲ့ ပထမဆုံး မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း စီးပွားဖြစ် ရှေ့ပြေးဇုန်ကို မြို့တော် ဘေဂျင်းမှာ ဗုဒ္ဓဟူးနေ့က တရားဝင်ဖွင့်လှစ်ပေးလိုက်ပါတယ်။

ရှေ့ပြေးဇုန်ဟာ ဘေဂျင်းရဲ့ စီးပွားရေးနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဧရိယာထဲမှာ ၆၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ အဲဒီနေရာမှာ မောင်းသူမဲ့ ယာဉ် အစီး၃၀ ဟာ  ပုံမှန် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါလိမ့်မယ်။

ပြီးခဲ့တဲ့ နှစ် ဧပြီလမှာ ဘေဂျင်း အလိုအလျောယာဉ်မောင်းဌာနက လမ်းပေါ် ခရီးသည်တင်ဆောင် စမ်းသပ်မောင်းနှင်ခွင့် လိုင်စင်ထုတ်ပေးပြီးကတည်းက လမ်းပေါ်စမ်းသပ်မောင်းနှင်မှုစုစုပေါင်း ကီလိုမီတာ သုံးသိန်းကျော်ရှိခဲ့ပြီး အော်ဒါမှာ စီးနင်းမှုပေါင်း လေးသိန်း သုံးသောင်း ကျော်ရှိခဲ့ပါတယ်။

စမ်းသပ်မောင်းနှင်ပြီးနောက် ပြုပြင်မွမ်းမံတာတွေ ဆက်တိုက်လုပ်ပြီးတဲ့နောက် မောင်းသူမဲ့ ယာဉ်တွေရဲ့ အမြန်နှုန်းနှင့် သက်သောင့်သက်သာရှိမှုတွေ ဖြည်းဖြည်းချင်းတိုးတက်လာခဲ့ပါတယ်။

“ ကျွန်တော်တို့ ပထမဆုံး ကားကို စီးတုန်းက အမြန်နှုန်းဟာ တစ်နာရီကို ၂၅ ကီလိုမီတာရှိခဲ့ပါတယ်။ အခုဆိုရင် အမြန်နှုန်းက တစ်နာရီကို ကီလိုမီတာ ၅၀ ကနေ ၆၀ အထိရလာပါပြီ” လို့ ဘေဂျင်းဒေသခံ မစ္စတာလျူက ပြောပါတယ်။

ဘေးအန္တရာယ်ကင်းရှင်းရေး စိတ်ချရစေဖို့အတွက် မောင်းသူမဲ့ ယာဉ်တွေတိုးမြှင့်သုံးစွဲလာနိုင်ရေး ဒေသအစိုးရတွေက အနာဂတ်မှာ မူဝါဒပိုင်းနှင့် ငွေကြေးပိုင်းကို ထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။

#Source_CCTV+

#China's_first_unmanned_transport_service

#China_selfdriving_taxi

#China_High_Tech