Published 17 July 2022

၂၀၁၈ခုနှစ်က ဂျီဟတ်တွေကို ဖော်ထုတ်ဖို့ ဆီးရီးယား စစ်ဆင်ရေးလုပ်ခဲ့ပြီးကတည်းက လူသူကင်းမဲ့တဲ့မြို့လို ဖြစ်ခဲ့တဲ့ ဟာဂျာ အယ်အက်ရှ်ဝတ်ဒ်မြို့ဟာ ယခုဆို အခွင့်အလမ်းတစ်ခု၊ အသုံးဝင်စရာတစ်ခု ရှိလာခဲ့ပါပြီ။ အဲဒါကတော့ ဂျက်ကီချန်းက သူထုတ်လုပ်တဲ့ "Home Operation" ဆိုတဲ့ အက်ရှင်ရုပ်ရှင်ဇာတ်ကားတစ်ခုအတွက် ရိုက်ကွင်းတစ်ခုဖြစ်လာ ခဲ့တာကြောင့်ပါ။

အဲဒီဇာတ်ကားက ယီမင်စစ်ပွဲအတွင်း တရုတ်နိုင်ငံသားတွေနှင့် အခြားနိုင်ငံသားတွေကို တရုတ်က ကယ်ထုတ်တဲ့အကြောင်း ရိုက်ကူးတဲ့ ဇာတ်ကားဖြစ်ပါတယ်။  အဲဒီယီမင်စစ်ဆင်ရေးဟာ တရုတ်အတွက် အထင်ကရတစ်ခုဖြစ်ခဲ့တာပါ။

ကြာသပတေးနေ့ကတော့ ဟာဂျာ  အက်အက်ရှ်ဝတ်ဒ်မို့ဟာ ယီမင်မျိုးနွယ်စု အဝတ်အစားတွေ ဝတ်ဆင်ထားကြတဲ့ သရုပ်ဆောင်တွေ၊ ဆီးရီးယားလူမျိုး အဖြည့်သရုပ်ဆောင်တွေ၊ ပြီးတော့ ပိုလိုရှပ်ဝတ်ထားတဲ့ ရိုက်ကူးရေးအဖွဲ့သားတွေနှင့် ပြည့်သွားခဲ့ပါတယ်။

ဂျက်ကီချန်းဟာ ဒီဇာတ်ကားမှာ အဓိကထုတ်လုပ်သူဖြစ်ပါတယ်။ဒီဇာတ်ကားကျောရိုးဟာ  လူကြည့်များမယ့် ဇာတ်ကားတစ်ကား ဖြစ်လာနိုင်ပြီး သူရဲကောင်းဆန်ဆန်ကယ်ထုတ်မှုမှာ တရုတ်အာဏာပိုင်တွေရဲ့ အခန်းကဏ္ဍကို အမွှမ်းတင်ထားတာပါ။

ဒီဇာတ်ကားရဲ့ ရိုက်ကူးရေးအဖွဲ့သားတစ်ဦးဖြစ်တဲ့ ဆီရီးယာလူမျိုး ဇီယတ် အလီက ယခုလိုပြောပါတယ်။

ဒီနေ့ ကျွန်တော်တို့ တရုတ်ရုပ်ရှင် 'Home Operation' ကို စတင်ရိုက်ကူနေပါတယ်။ ဇာတ်ကားက တရုတ်နိုင်ငံသား ၆၀၀ ကျော်နှင့် အခြားနိုင်ငံသား ၂၀၀ကျော်ကို တရုတ်အစိုးရက အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုကနေ  ပြည်တွင်းစစ်ပွဲအတွင်း ကယ်ထုတ်တဲ့ ဇာတ်လမ်းပါ။ ဒီဇာတ်ကားက စစ်ပွဲအကြောင်းပြောတာမဟုတ်ဘဲ ချစ်ခြင်းမေတ္တာနှင့်ငြိမ်းချမ်းရေးအကြောင်း ပြောမှာပါ။ အကြမ်းဖက်မှုတွေလည်း ထည့်ရိုက်မှာမဟုတ်ဘူး။ ဒီဇာတ်ကားကို ဂျက်ကီချန်းက ထုတ်လုပ်ပါတယ်။ ဒါရိုက်တာက လူငယ်တရုတ်ဒါရိုက်တာ ယင်စီးဆုန်းဖြစ်ပါတယ်” လို့ သူကပြောတာပါ။

နောက်ထပ်ရိုက်ကူးရေးအဖွဲ့သားဖြစ်တဲ့ ဆီရီးယားလူမျိုး ရာဝက်ရှာဟင်းက

“ ဆီးရီးယားနိုင်ငံမှာ စစ်ကြောင့်ပျက်စီးခဲ့တဲ့နေရာတစ်ခုက ယခု ရုပ်ရှင်စတူဒီယိုတစ်ခုဖြစ်လာခဲ့တာပါ။  ဒီနေရာဟာ ရုပ်ရှင်ထုတ်လုပ်သူတွေကို ရုပ်ရှင်လာရိုက်ဖို့ ဖြည်းဖြည်းချင်း ဆွဲဆောင်လာနေပါတယ်။  ဒီလိုပုံစံမျိုး စတူဒီယိုတစ်ခု တည်ဆောက်ရင် အတော်ပိုက်ဆံကုန်မှာပါ။ အခုဒီနေရာမှာ စတူဒီယိုက အဆင်သင့်ရနေတယ်လေ” လို့ပြောကြားခဲ့ပါတယ်။

#Source_AFP

#IS_Ex_Base_becomes_Film_studio

# Hajar_al_Aswad_Syria_ Home_Operation_Movie

#Jackie_Chan_Home_Operation