Published 17 July 2022

အရှေ့အလယ်ပိုင်းခရီးစဉ်နောက်ဆုံးနေ့မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်စစ်တပ်ရဲ့ တစ်ကိုယ်ကောင်းဆန်မှု ဆိုပြီး မတော်တဆမှားပြောမိခဲ့ပါတယ်။  စနေနေ့က ဆော်ဒီအာရေဗျနိုင်ငံ ဂျီဒတ်မြို့မှာ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီခေါင်ခေါင်းဆောင်တွေကိုပြောဆိုတဲ့ ကြိုတင်ပြင်ဆင်ထားတဲ့ မိန့်ခွန်းမှာ ဘိုင်ဒင်က မတော်တဆမှားယွင်းစွာပြောဆိုမိခဲ့တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ selfishness နှင့် selflessness ကိုမှားပြောမိခဲ့တာဖြစ်ပြီး စကားအမှားကို ပြောနေတုန်းပဲ ချက်ခြင်းပြန်ပြင်ပြောခဲ့ပါတယ်။

သူက “We’ll always honor the bravery and selfishness — selflessness of the — and sacrifices of the Americans who served, including my son, Major Beau Biden, who was stationed in Iraq for a year,”  လို့ပြောခဲ့တာပါ။

“ အီရတ်မှာ တစ်နှစ်အခြေစိုက်နေထိုင်ခဲ့တဲ့ ကျွန်တော့်သား ဗိုလ်မှူး Beau Biden အပါအဝင် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမေရိကန်တွေရဲ့ ရဲရင့်မှုနှင့် တစ်ကိုယ်ကောင်းဆန်မှု selfishness (အမှားပြင်ပြော)ကိုယ်ကျိုးမငဲ့မှု selflessness  ၊စွန့်လွှတ်စွန့်စားမှုတို့ကို ကျွန်တော်တို့ အမြဲဂုဏ်ပြုပါတယ်” လို့ သူကပြောခဲ့တာဖြစ်ပါတယ်။

နယူးယောက်ပို့စ်သတင်းစာရဲ့ဖော်ပြချက်အရ ဆော်ဒီမှာ စကားအမှားမပြောခင်တစ်ရက်အလိုမှာ “ honour of the Holocaust” (ဟော်လိုကော့စ်ကိုဂုဏ်ပြု)လို့ အစ္စရေးမှာ မှားပြောမိခဲ့ပြီး ချက်ခြင်းပဲ အမှန်ဖြစ်တဲ့ "horror of the holocaust" (ဟော်လိုကော့စ်ရဲ့ကြောက်မက်ဖွယ်ရာ)လို့ပြန်ပြင်ပြောခဲ့ရသေးကြောင်း သိရပါတယ်။

#Source_NDTV/Twitters

ရုပ်သံကြည့်ရန်>>>

https://t.me/yangonmediagroup/9945