Published 26 June 2021

ရုရှားတစ်ဦးဟာ ဒစ်ဂျစ်တယ်ဘဏ်ရဲ့အမှားကြောင့် တစ်ညမှာ ရူဘယ်ငွေ၉၅.၂သန်း(အမေရိကန်ဒေါ်လာ ၁.၃သန်း) ရရှိပြီးနောက် ဆော့ဖ်ဝဲပြသနာကို အခွင့်အရေးယူပြီး ခိုးတဲ့လုပ်ရပ်ကိုကျူးလွန်တာဟာ အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်ပြီး ထောင်ခြောက်နှစ်ချလိုက်တယ်လို့ အာရ်တီသတင်းဌာနက ရေးသားလိုက်ပါတယ်။ 

တရားလိုရှေ့နေ အဆိုအရ ရိုမန်ယာကော့ဗ်ဟာ သူ့ဘဏ်စာရင်းထဲ ငွေတွေမှားဝင်လာတယ်ဆိုတာကို သိလိုက်ပြီးတဲ့အခါ အဲဒီသူဟာ ၂၀၂၀ပြည့်နှစ် ဇွန်၁ရက်နေ့ ညမှာတင် ငွေတွေကို အကြိမ် ၂၂၀အထိ ထုတ်ယူခဲ့တာတွေ့ရတယ်လို့သိရပါတယ်။ သူဟာနောက်ပိုင်းမှာ အိမ်ခန်းတွေ၊အိုငဖုန်းအသစ်တစ်လုံး၊ ဘီအမ်ဒဗလျူနှင့်မာစီးဒီးကားတွေဝယ်ပစ်လိုက်တယ်။ အဲဒီနောက်ဒီဇင်ဘာလမှာ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။
အဖမ်းခံရတဲ့အချိန်မှာ သူ့ဘဏ်စာရင်းထဲ ရူဘယ်ငွေ၃၉သန်း(ဒေါ်လာ၅၄၀၀၀၀)ကျန်နေပါသေး တယ်။ သောကြာနေ့နံနက်က တုလတရားရုံးတစ်ခုက သူ့ကို ဘဏ်စာရင်းထဲကငွေတွေခိုးယူမှုနှင့် ထောက်ဒဏ် (၆)နှစ်ပြစ်ဒဏ်ပေးလိုက်ပါတယ်။ 
ဒါပေမယ့် ယာကော့ဗ်ကတော့ သူဘာမှ အမှားမလုပ်ခဲ့ပါဘူးလို့ပြောဆိုပါတယ်တဲ့။ မက်ရှ်အွန်လိုင်းမီဒီယာက သူနှင့်စကားပြောခဲ့ပြီး သီးသန့်ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပါတယ်။ အဲဒီဆောင်း ပါးထဲမှာ ရုပ်ရှင်တွေထဲကလိုပဲ..သူအိပ်ရာကနိုးလာတဲ့အလာ ချက်ခြင်းကြီးသူဋ္ဌေးဖြစ်သွားခဲ့တယ်လို့ သူကပြောတယ်လို့ဖော်ပြခဲ့ပါတယ်။
အစပိုင်းမှာတော့ သူက သူလောင်းပွဲနိုင်တဲ့ပိုက်ဆံတွေဝင်လာတယ်လို့ထင်လိုက်တယ်လို့ဆိုပါတယ်။ သူက ဘဏ်ကိုဖုန်းဆက်ပြီး အားလုံးဘာပြသနာမှမရှိပါဘူးဆိုမှ သူက ကားတွေ အိမ်တွေဝယ်ခဲ့တာ လို့ပြောပါတယ်။သူကဝယ်ချမ်းပြီးတဲ့အခါမှာလည်း ဘဏ်ကိုဖုန်းထပ်ဆက်ပါတယ်တဲ့။ဘဏ်က အဆင် ပြေပါတယ်လို့ထပ်ဖြေပါတယ်လို့သူကပြောပါတယ်။
နိုဝင်ဘာလမှာတေ့ သူ့ဘဏ်စာရင်းအပိတ်ခံလိုက်ရပါတယ်။ တစ်လအကြာမှာ ဘဏ်က ယာကော့ဗ် ကို အစည်းအဝေးလုပ်ချင်လို့ လာခဲ့ပါလို့ခေါ်လို့ သူသွားတဲ့အခါ သူအဲဒီမှာ အဖမ်းခံလိုက်ရတာပါ။ သူကတော့ သူအမှားမလုပ်တဲ့အကြောင်းနှင့် ဒီပိုက်ဆံတွေဟာ လောင်းကစားဒိုင်ဆီက မှားပို့တဲ့ပိုက်ဆံ လို့ပဲယုံကြည်နေကြောင်းပြောနေပါတယ်လို့သတင်းကရေးသားထားပါတယ်။

Source:RTNEWS