Published 9 July 2022

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယူကရိန်းကို ရုရှားသမ္မတ ပူတင် ကျူးကျော်မယ့် အစီအစဉ်ကို သတိပေးခဲ့တဲ့အတွက် စီအိုင်အေ ဌာနချုပ်က ဝန်ထမ်းတွေကို သောကြာနေ့က ချီးကျူုးစကားပြောကြားလိုက်ပြီး  အမေရိကန်စပိုင်တွေကို သူက “ ဆိတ်ငြိမ်တဲ့ရဲစွမ်းသတ္တိ လို့ သူက သုံးနှုံးပြီး ဂုဏ်ပြုခဲ့ပါတယ်။

စီအိုင်အေရဲ့ ၇၅ နှစ်ပြည့်အခမ်းအနားကို ဘိုင်ဒင် တက်ရောက်ခဲ့တာဖြစ်ပြီး သူဟာ စီအိုင်အေနှင့် ၅၂နှစ်တာ ပတ်သက်ခဲ့တယ်လို့လည်းပြောပါတယ်။ ပထမဆုံးက စိတ်ထိန်းချုပ်ကိရိယာတွေနှင့်အေဂျင်စီရဲ့အခြားညှင်းပန်းနှိပ်စက်မှုတွေ အတွက် လွှတ်တော်ကော်မတီတစ်ခုကို ၁၉၇၅မှာ ဖွဲ့စည်းခဲ့တဲ့အထဲ ဂျူနီယာဆီနိတ်အမတ်တစ်ဦး အဖြစ်ပါဝင်ခဲ့ရတာဖြစ်တယ်လို့ သူကပြောပါတယ်။

စီအိုင်အေက စပိုင်တွေဟာ ပူတင်ရဲ့ အစီအစဉ်တွေကို ထုတ်ဖော်ခဲ့ပြီး စစ်ပွဲနှင့်ပတ်သက်ပြီး အခြားနိုင်ငံတွေကို အမေရိကန်က ကြိုတင် သတိပေးနိုင်ခဲ့တယ်လို့လည်း ဘိုင်ဒင်ကပြောပါတယ်။

Source Reuters