Published 10 July 2022

အီလွန်မတ်စ်ရဲ့ ဖခင်ဖြစ်သူ အာရိုးမတ်စ်က သူ့သားရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ရိပ်ဖမ်းသံဖမ်းပြောလိုက်ပြီး သူ့သားဟာ နုံအပေမယ့် သမ္မတဝင်ရွေးရင် နိုင်မှာပဲလို့ဆိုပါတယ်။

တက်ဆ်လာရဲ့ အရှင်သခင်ဖြစ်တဲ့သူ့သားဟာ  အိမ်ဖြူတော်အတွက် ဝင်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်ရင် နိုင်မယ်လို့ ယုံကြည်တဲ့ အကြောင်း သည်ဆန်း သတင်းစာကိုပြောခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် တောင်အာဖရိကလူမျိုး အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး အသက် ၇၆နှစ်ရှိပြီဖြစ်တဲ့ အာရိုးမတ်စ်က  သူနှင့်ခပ်တန်းတန်း  ဆက်ဆံရေးသာရှိတဲ့ သားဖြစ်သူဟာ  “နိုင်ငံရေးမှာ အတော်ရိုးအလွန်းတယ်” လို့ ပြောလိုက်ပါတယ်။

တွစ်တာကို ဝယ်မယ်လို့ ကမ်းလှမ်းလိုက်ပြီး တွစ်တာနှင့်သူ ဘာလုပ်ချင်တယ်ဆိုတာတွေကို ပြောဆိုခြင်းဖြင့် အီလွန်မတ်စ်ဟာ နိုင်ငံရေးထဲ အတင်းအကြပ် ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ထရမ့်ကိုထောက်ခံတဲ့ ဖခင်ဖြစ်သူ အာရိုးက သူ့သားအကြောင်းကို ပြောပါတယ်။

“ ဒီမိုကရက်တစ်ပါတီမှာ လေးချောင်းထောက်ပေါ် ရပ်တည်နေတာ။ အဲဒီထဲက တစ်ချောင်းက တွစ်တာဖြစ်တယ်။ အဲဒီခြေတစ်ချောင်းသာ ရိုက်ထုတ်ပစ်နိုင်ရင် စားပွဲပြုတ်ကျပြီ။ အဲဒါကြောင့် သူဟာ နိုင်ငံရေးထဲ ဝင်လာတာ သိသာတယ်” လို့ သူကပြောပါတယ်။

“သူ တွစ်တာကို မကမ်းလှမ်းခင်ကလေးတင် သူဟာ နိုင်ငံရေးမှတ်ချက်တွေပေးပြီး  နိုင်ငံရေးထဲဝင်လာတာ ကျွန်တော်  သတိပြုမိတယ်။ မင်းကိုယ်မင်း နိုင်ငံရေးအဝန်းအဝိုင်းထဲ ရောက်လာပြီုဆိုတာ သတိထားမိရဲ့လား၊ မင်းက လုံခြုံရေးကရော ကောင်လို့လားလို့ ကျွန်တော်မေးမိတယ်”လို့ အီလွန်မတ်ရဲ့ ဖခင်ကပြောပါတယ်။

“ သူ့လုံခြုံရေးကကောင်းတယ်လို့ သူကပြောတယ်။ ဟုတ်ပါပြီ အဲဒါဆို မင်းလုံခြုံရေးကို ဘယ်သူကစစ်ဆေးပေးနေလဲ၊ စစ်ဆေးနေတဲ့သူတွေကို ဘယ်သူကစစ်ဆေးနေလဲ..လို့ ကျွန်တော်မေးလိုက်ပါတယ်” လို့ သူကဆက်ပြောပါတယ်။

နိုင်ငံရေးမှာ မျှမျှတတကစားကြတယ်ဆိုတာ မရှိဘူးနော်လို့ ကျွန်တော်က သူ့ကိုထပ်သတိပေးလိုက်ပါသေးတယ်လို့လည်း သူက ဆိုပါတယ်။

အီလွန်ဟာ သမ္မတကောင်းတစ်ဦးဖြစ်လာနိုင်သလားလို့ မေးတဲ့အခါ သူ့ဖခင်က “ အင်း.. ဒါပေမယ့် သူက ဘာထပ်ပြောသလဲ ဆိုတော့ သူလိုချင်တဲ့ တွစ်တာဟာ လူတိုင်းကို မျှမျှတတလှုပ်ရှားစေနိုင်လိမ့်မယ်တဲ့” လို့ ပြန်ဖြေပါတယ်။

ဒါပေမယ့်သူဟာ နိုင်ငံရေးမှာ နုံလွန်းအလွန်းတယ်။နိုင်ငံရေးဆိုတာ လူတိုင်း မျှမျှတတ အခွင့်အရေးပေးတာမဟုတ်ဘူး” လို့ အာရိုးက ပြောပါတယ်။

Source : The SUN