ချက်သမ္မတနိုင်ငံရဲ့ ချက်နှင့်စလိုဗက်နယ်စပ်တလျောက်ရှိ မော်ရာဗီယား ကျေးလေဒေသမှာ ဇွန်၂၄ ရက်နေ့ငက အက်ဖ်-၃နှင့် အက်ဖ်-၄အဆင့်ရှိ အင်အားပြင်းတဲ့ လေဆင်နှာမောင်းတစ်ခု တိုက်ခတ်သွားခဲ့ တဲ့အတွက် လူပေါင်း၁၅၀ကျော် ထိခိုက်ဒဏ်ရာရရှိသွားပြီး ရွာပေါင်းများစွာလည်း ဆိုးဆိုးရွားရွားပျက်စီး ခဲ့ရပါတယ်။ လူမှုကွန်ယက်မီဒီယာတွေမှာ တင်ထားတဲ့ဗွီဒီယိုတွေမှာ ချက်ချီယာအရှေ့တောင် က ဘရက်ကလက်ဖ် နှင့် ဟိုဒိုနင်အကြားမှာ လေဆင်နှာမောင်း စပြီးကျခဲ့တာဖြစ်ပါတယ်။ အဲဒီဒေသခံတွေက တွစ်တာကနေတစ်ဆင့်ပေးပို့တဲ့ ဗွီဒီယိုတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။