Published  5 July 2022

အမေရိကန် ချီကာဂိုမြို့ဆင်ခြေဖုံးတစ်နေရာမှာ လွတ်လပ်ရေနေ့ စီတန်းလမ်းလျှောက်ပွဲတစ်ခုအတွင်း ခေါင်းမိုးတစ်ခုပေါ်ကနေ သေနတ်သမားတစ်ဦးက ပစ်ခတ်ရာ အနည်းဆုံးလူ(၆)ဦးသေဆုံးပြီး လူ၃၀ကျော်ဒဏ်ရာရရှိသွားကြပါတယ်။ သေနတ်နှင့်ပစ်ခတ်မှုကြောင့် စီတန်းလမ်းလျှောက်လာကြတဲ့ ရာပေါင်းများစွာသော သူတွေ၊ကလေးတွေပါတဲ့တွန်းလှည်းကလေးတွေတွန်းလာတဲ့ မိဘတွေဟာ ကြောက်ကြောက်လန့်လန့်နှင့် ထွက်ပြေးသွားကြတယ်လို့ ရဲကပြောပါတယ်။

အာဏာပိုင်တွေဟာ အသက်၂၂နှစ်အရွယ် အမျိုးသားတစ်ဦကို သေနတ်ပစ်မှုနှင်ပတ်သက်ပြီး နာရီများစွာ ရှာဖွေကြပြီးနောက် တနင်္လာနေ့ ညပိုင်းမှာ  ဖမ်းဆီးလိုက်ပါတယ်။

ဇူလိုင်၄ရက်ပစ်ခတ်မှုဟာ အမေရိကန်မှာ ကျောင်းတွေ၊ဘုရားရှိခိုးကျောင်းတွေ၊ကုန်စုံဆိုင်တွေ၊လူတွေကို ပစ်ခတ်မှုတွေ ဖြစ်ပြီးနောက် အခု လူထုချီတက်ပွဲကို နောက်ဆုံးပစ်ခတ်ခြင်းဖြစ်ပါတယ်။ ဒီအချိန်မှာတော့ အမေရိကန်ဟာ နိုင်ငံတည်ထောင်ခြင်းအထိမ်းအမှတ် ဆင်နွှဲနေကြချိန် အပစ်ခံကြရခြင်းပါ။

“ အမေရိကန်နိုင်ငံ အောင်ပွဲခံနေတာကို ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ကင်းတဲ့ အမေရိကန်ကပ်ဆိုးကြီးက  ဆုတ်ဖြဲပစ်လိုက်တာဟာ ယူကျုံးမရဖြစ်စရာပါ” လို့ အီလီနွိုက်စ်အုပ်ချုပ်ရေးမှူး ဂျေဘီ ပရစ်ဇကာက သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

ကျည်ဆံဒါဇင်ပေါင်းများစွာကို ချီတက်နေတဲ့ လူအုပ်ကြီးထဲ မနက် ၁၀နာရီ ၁၅ မိနစ်ခန့်မှာ ပစ်ခတ်တဲ့အတွက် သွေးသံရဲရဲဖြစ်ကုန်ပြီး လူတွေ ရုတ်ရုတ်သည်းသည်း ထွက်ပြေးခဲ့ကြရတာဖြစ်ပါတယ်။

သံသယရှိသူရဲ့ဓာတ်ပုံနှင့်သူ့ရဲ့ ငွေရောင်ဟွန်ဒါဖစ်ကားဓာတ်ပုံကို ရဲက ထုတ်ပြန်ပေးပြီးနောက် နာရီပေါင်းများစွာအကြာမှာ ပစ်ခတ်တဲ့နေရာကနေ (၅)မိုင်ခန့်အကွာမှာရှိတဲ့ အသက်၂၂ နှစ်အရွယ် ရောဘတ်အီး ကရင်မိုသရီး ကို ဆွဲထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သေဆုံးသူတွေအထဲမှာ မက္ကဆီကိုလူမျိုးတစ်ဦးဖြစ်တဲ့ ရောဘတ်တို ဗီလင်စကိုဆိုသူပါဝင်ပြီး အခြားမက္ကဆီကိုနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲကပြောပါတယ်၊

သမ္မတဂျိုးဘိုင်ဒင်က သူနှင့်သမ္မတကတော်ဂျီဘိုင်ဒင်တို့ဟာ အမေရိကန် လွတ်လပ်ရေးနေ့မှာ အဓိပ္ပါယ်မဲ့တဲ့ သေနတ်အကြမ်းဖက်မှု ထပ်ဖြစ်ရလို့ အမေရိကန် လူ့အဖွဲ့အစည်းတစ်ခုအတွက် ကြေကွဲစရာတွေထပ်ဖြစ်ရပြီလို့ပြောလိုက်ပါတယ်။

Source AP/Reuters