အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါမှာရှိတဲ့ အထပ်မြင့် တိုက်ခန်းအိမ်ရာကြီးတစ်လုံး ကြာသပေးနေ့ စောစောပိုင်းက တစ်စိတ်တစ်ပိုင်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး အဓိကကျတဲ့ အရေးပေါ်တုန့်ပြန်မှုတွေ ဆောင်ရွက်ပေးခဲ့ရပါတယ်။ မီယာမီကမ်းခြေရဲ့ မြောက်ဘက် ဆာ့ဖ်ဆိုက်မြို့က ၁၂ထပ်အဆောက်အအုံရဲ့ အစိတ်အပိုင်းကြီးတစ်ခုဟာ အုတ်အကျိုးအပဲ့တွေအဖြစ် ရောက်သွားပြီး အိမ်ရာကြီးရဲ့အတွင်း ပိုင်းတွေ ဟင်းလင်းပွင့်သွားတာကို အွန်လိုင်းဗွီဒီယိုတွေမှာ မြင်တွေ့ခဲ့ကြရပါတယ်။ အဲဒီအဆောက်အဦထဲမှာ လူဘယ်နှစ်ယောက် နေထိုင်နေကြတယ်၊ ပြိုကျသွားတဲ့အချိန် အထဲမှာ လူဘယ်နှစ်ယောက် ရှိနေခဲ့တယ်ဆိုတာတွေ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ဒါပေမယ့် ဒေသတွင်း ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ အင်န်ဘီစီ-၆ တောင်ဖလော်ရီဒါက အုတ်အကျိုးအပဲ့တွေကြားထဲကနေ အသက်ရှင်ရက် ယောကျ်ားလေး တစ်ဦးကို မီးသတ်သမားတွေက ဆွဲထုတ်ခဲ့ကြတာကို ပြသခဲ့ပါတယ်။