Published 28 June 2022

စင်္ကာပူနိုင်ငံမှာ အသက်တစ်နှစ်ခွဲသား ကလေးငယ်တစ်ဦးဟာ ကိုဗစ်-၁၉ကြောင့်ကွယ်လွန်သွားခဲ့တယ်လို့ စင်္ကာပူ ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့ ညကကြေညာသွားပါတယ်။

ကလေးငယ်ဟာ ကိုဗစ်-၁၉နှင့် အခြားဗိုင်းရပ်စ်နှစ်မျိုးကြောင့် ဦးနှောက်ရောင်ယမ်းပြီး သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

အခြားဗိုင်းရပ်စ်နှစ်ခုက အသက်ရှုလမ်းကြောင်းဆိုင်ရာ RSV ဗိုင်းရပ်စ်နှင့် အင်ထရိုဗိုင်းရပ်စ်တွေဖြစ်ပါတယ်။

ဒါကလေးငယ်သေဆုံးမှုဟာ စင်္ကာပူမှာ အသက်၁၂နှစ်အောက်ထဲက ကိုဗစ်ကြောင့် ပထမဆုံးသေဆုံးမှုဖြစ်ပါတယ်။

ကလေးငယ်ဟာ ကျန်းမာရေးချို့ယွင်းမှု ယခင်ကမရှိခဲ့ဘဲ ကျန်းမာတဲ့ကလေးတစ်ဦးဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သူဟာ အပြင်းဖျားလာပြီး အကြောဆိုင်းသလိုဖြစ်ခဲ့တဲ့အပြင် သတိလစ်လစ်သွားလို့ ဇွန်၂၁ရက်မှာ ကေကေ အမျိုးသမီးနှင့် ကလေးဆေးရုံ အရေးပေါ်ရောက်လာခဲ့တဖြစ်ပါတယ်။

ကလေးငယ်ရဲ့မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒီသေဆုံးမှုဟာ ရက်ပေါင်း (၅)ရက်အတွင်း ပထမဆုံးပြန်လည်သေဆုံးမှုလည်းဖြစ်ပါတယ်။ အခုဆို ကိုဗစ်ကြောင့်  စင်္ကာပူမှာ သေဆုံးခဲ့သူ စုစုပေါင်း၁၄၀၉ ဦးအထိရှိခဲ့ပါပြီ

Source StraitsTimes