Published 27 June 2022

ကိုလံဘီယာနိုင်ငံတွင် ဇွန်၂၆ ရက် တနင်္ဂနွေနေ့ကနွားသိုးသတ်ပွဲကွင်းတစ်ကွင်းတွင် ပွဲကျင်းပနေစဉ်အတွင်း အထူးတန်းပွဲကြည့်စင်ပြိုကျတဲ့အတွက် အနည်းဆုံး လူလေးဦး သေဆုံးပြီး ၃၀ ဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။

“လက်ရှိတော့ အမျိုးသမီး(၂)ဦး၊အမျိုးသား(၁)ဦးနှင့်ကလေး(၁)ဦး သေဆုံးသွားပါတယ်” လို့ အခင်းဖြစ်ပွားတဲ့ ကိုလံဘီယာနိုင်ငံ အလယ်ပိုင်းက အယ်လ်အက်စ်ပီနယ်လ်မြို့ရဲ့ တိုလီမာပိုင်နက်အုပ်ချုပ်ရေးမှူး ဂျို့စ်ရီကာဒိုအိုရော့ဇ်ကိုက ဒေသတွင်းရေဒီယိုဌာနတစ်ခုကို ပြောပါတယ်။

သစ်သားနှင့်ပြုလုပ်ထားတဲ့ သုံးဆင့်ရှိ အထူးတန်းမှာ ပရိသတ်အပြည့်နှင့်ရှိနေတုန်း ပြိုကျသွားတဲ့အတွက် လူဒါဇင်ပေါင်းများစွာဟာ မြေပြင်ပေါ် လွင့်စင်ကျကုန်တာကို ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ ရုပ်သံတွေ့မှာတွေ့မြင်ကြရပါတယ်။

အခြားဗွီဒီယိုတစ်ခုမှာတော့ နွားသိုးတွေဟာ ပွဲခင်းထဲမှာ ထင်ရာမြင်ရာ ပြေးလွှားနေတဲ့အချိန် လူတွေဟာ ပွဲကြည့်စင်တွေကနေ လွတ်‌အောင်ထွက်ပြေးကြနေကြတာ တွေ့ကြရပါတယ်။

ကနဦးသတင်းပေးပို့ချက်အရ လူ၃၀လောက် ဒဏ်ရာအပြင်းအထန်ရသွားကြပါတယ်” လို့ အိုရော့ဇ်ကိုက ပြောပါတယ်။

ဒေသဆိုင်ရာ မြို့ပြကာကွယ်ရေးအရာရှိတစ်ဦးဖြစ်တဲ့ လူးဝစ်ဖာနန်ဒိုဗီလက်ဖ်က အပျက်အစီးပုံတွေကြားထဲ လူဘယ်နှယောက်ပိမိနေသလဲဆိုတာ သူမသိဘူးလို့ပြောပါတယ်။

ဒီပွဲဟာ ဆန်ပီဒရိုပွဲတော်နှင့်အတူကျင်းပတဲ့ ပွဲတော်တွေထဲက တစ်ခုဖြစ်ပြီး ဒေသတွင်းမှာ အကျော်ကြားဆုံးဖြစ်ပါတယ်။ ဘာဖြစ်တယ်ဆိုတာ စုံစမ်းစစ်ဆေးဖို့ ကျွန်တော်တို့မေတ္တာရပ်ခံထားတယ်လို့ ရာထူးပြီးဆုံးတော့မယ် ကိုလံဘီယာသမ္မတ အိုင်ဗန်ဒူကေးက တွစ်တာကနေ ရေးသားလိုက်ပြီး သေဆုံးဒဏ်ရာရတဲ့မိသားစုနှင့်အတူ ထပ်တူကြေကွဲရတယ်လို့ပြောလိုက်ပါတယ်။

Source AFP