Published 24 June 2022

ကိုဗစ်-၁၉ ကူးစက်မှုတွေကျဆင်းလာပြီး  ခရီးသွားလုပ်ငန်းမှီခိုထားတဲ့ ထိုင်းစီးပွားရေးမှာ နိုင်ငံခြားသားတွေ ပြန်လည်ဆွဲဆောင်နိုင်ဖို့အတွက် ထိုင်းနိုင်ငံက masks တပ်ရမယ့်စည်းကမ်းတွေကို ဇွန်၂၄ရက် သောကြာနေ့ကစပြီး ဖြေလျော့ပေးလိုက်တယ်လို့ အစိုးရက ပြောပါတယ်။

Face masks ကို အများပြည်သူနေရာတွေမှာ မဖြစ်မနေတပ်ဆင်ကြဖို့ ထိုင်းနိုင်ငံဟာ  ဒယ်လ်တာကူးစက်မှုလှိုင်းဖြစ်နေတဲ့ ၂၀၂၁ နှစ်လည်ပိုင်းကတည်းက စည်းကမ်းလုပ်ခဲ့တာပါ။

ဒါပေမယ့် ထိုင်းဟာ စီးပွားရေးတွေပြန်ဖွင့်ဖို့ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ဖြေလျော့ပေးမှုတွေ ပြုလုပ်လာခဲ့ရာမှာ လာမယ့်လကစပြီး ပြည်ဝင်ခွင့်လိုအပ်ချက်အများစုကို ဖျက်သိမ်းပေးမှာလည်း ပါဝင်ပါတယ်။

“ ခွဲစိတ်ခန်းသုံးmask နှင့် ပိတ် mask တွေကို ဆန္ဒအလျောက်သာ တပ်ဆင်နိုင်ပြီဖြစ်ပါတယ်” လို့ ကြာသပတေးနေ့ နှောင်းပိုင်းမှာ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာက တော်ဝင်ဂေဇက်ကြေညာချက်မှာ ပြောကြားခဲ့ပါတယ်။

လူတွေများပြားလွန်းတဲ့နေရာနှင့် လေဝင်လေထွက်မကောင်းတဲ့နေရာတွေမှာ face masks တွေဆက်လက်တပ်ဆင်တာကို ကျန်းမာရေးဝန်ကြီးဌာနက ထောက်ခံမှုပြုထားပါတယ်။ ဒါပေမယ့် အများပြည်သူသယ်ယူပို့ဆောင်ရေးလို့ အတိအကျညွှန်းဆို ခြင်းတော့မရှိပါဘူး။

ဘန်ကောက်က ပုဂ္ဂလိကပိုင် မက်ထရိုမြေအောက်ရထားလုပ်ငန်းကတော့ ယင်းရဲ့ရထားတွေအတွင်း masks တွေ ဆက်လက် တပ်ဆင်ဖို့လိုအပ်မယ်လို့ သီးခြားကြေညာချက်ထုတ်ပြန်ပါတယ်။

အပြောင်းအလဲကို ဘန်ကောက်လမ်းတွေပေါ်မှာ သိသိသာသာမမြင်ရသေးပေမယ့် မူဝါဒပြောင်းလဲတာကို ထောက်ခံတဲ့ အသံတွေတော့ကြားနေရပါတယ်။

ကန့်သတ်ချက်တွေရုပ်သိမ်းလိုက်တာ လူတွေကို ပုံမှန်ဘဝပြန်ရောက်စေတယ် လို့ အသ်က၂၆နှစ်အရွယ် အလုပ်သမား ဆူပန်ညာပါဂျာရီက ပြောပါတယ်။

အမေရိကန်ကမ္ဘာလှည့်ခရီးသည် ဂျက် လတ်ချီကလည်း ထောက်ခံလိုက်ပေမယ့် သူကတော့ mask ဆက်တပ်ထားမယ်လို့ ပြောပါတယ်။ “ ကျွန်တော်က တပ်လေ့မရှိပေမယ့် အခု လူအများစုက mask တွေတပ်ထားကြတော့ သူတို့ကိုလေးစားတဲ့ အနနှင့် ကျွန်တော်လည်းတပ်ရမှာပေါ့” လို့သူကပြောပါတယ်။

ဇူလိုင်၁ ရက်စပြီး ကမ္ဘာလှည့်ခရီးသည်တွေဟာ ကာကွယ်ဆေးထိုးလက်မှတ်ယူလာရင်ယူလာ ဒါမှမဟုတ်ဆိုက်ရောက်တဲ့ အခါ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ပဲ လိုအပ်တော့မှာဖြစ်ပါတယ်။

ထိုင်းဟာ ၂၀၂၂ပထမခြောက်လမှာ နိုင်ငံခြားခရီးသွား ၁.၆သန်းလက်ခံခဲ့ပါတယ်။ ၂၀၁၉ တုန်းကတော့ ပထမခြောက်လမှာ ခရီးသည် သန်း၂၀ ရောက်ရှိခဲ့တာဖြစ်တယ်လို့ ကိန်းဂဏန်းတွေအရသိရပါတယ်။

Source AFP