Published 18 June 2022

အိန္ဒိယစစ်တပ်ရဲ့ တပ်သားခန့်ထားမှုအစီအစဉ်အပေါ် လူစုလူဝေးနှင့် အကြမ်းဖက် ကန့်ကွက်ဆန္ဒပြတာတွေကို ရပ်တန့်သွားစေဖို့အတွက် အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်ရဲ့ နေရာတော်တော်များများမှာ အင်တာနက်တွေဖြတ်တောက်ပိတ်ပင် လိုက်တယ်လို့ ရဲအရာရှိတွေက စနေနေ့က ပြောပါတယ်။

ဝန်ကြီးချုပ် နာရင်ဒါမိုဒီက တပ်သားတွေကို အချိန်တိုခန့်ထားမယ့် မူဝါဒအသစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒေသအချို့မှာ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးနောက် လူတစ်ဦးသေဆုံးပြီး ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။

အိန္ဒိယရဲ့ ၁.၃၈သန်း အင်အားရှိတဲ့ အင်အားကြီးမားတဲ့ စစ်တပ်ကြီးကို လူများများဝင်ရောက်နိုင်ဖို့ နှင့် ဝန်ပိနေတဲ့ ပင်စင်စရိတ်တွေလျှော့ချနိုင်ဖို့  အစိုးရက ပျှမ်းမျှအသက်ကိုနှိမ့်ချလိုက်ပြီး လေးနှစ်ကန်ထရိုက်နှင့် ခန့်အပ်မယ့် အက်ဂနီပတ်သ် သို့မဟုတ် မီးလျှံလမ်းကြောင်းဆိုတဲ့ အစီအစဉ်ကို ကန့်ကွက်နေကြတာဖြစ်ပါတယ်။

ကန့်ကွက်သူတွေဟာ များသောအားဖြင့် ငယ်ရွယ်တဲ့ ယောကျ်ားလေးတွေဖြစ်ကြပြီး ဒီအစီအစဉ်ဟာ ပုံမှန်လစာ၊ပင်စင်နှင့်အခြားခံစားခွင့်တွေအာမခံတဲ့ အိန္ဒိယစစ်တပ်ထဲမှာ အမြဲတမ်းအလုပ်တစ်ခုရနိုင်မယ့် အခွင့်အရေးကို ကန့်သတ်တာဖြစ်တယ်လို့ပြောကြပါတယ်။

လူတော်တော်များများဟာ ဘီဟာ၊တယ်လင်ဂနာနှင့် ဥတာပရာဒေ့ရှ်နှင့် အနောက်ဘင်္ဂလားပြည်နယတွေမှာ ဒီအစဉ်အစဉ်ကို ကန့်ကွက်သူတွေဟာ လမ်းတွေပေါ်ထွက်လာကြပါတယ်။

ဆိုရှယ်မီဒီယာပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်၊တွစ်တာနှင့် ဝပ်အက်စ်တို့ကို ဘီဟာရဲ့ ခရိုင်၁၅ခုကနေ ၁၈ခုမှာ ပိတ်ထားကြောင်း ပြည်နယ်အကြီးတန်းရဲအရာရှိ ဆန်ဂျေးဆင်းက ပြောပါတယ်။ အဲဒီပြည်နယ်မှာ ဆန္ဒပြသူတွေဟာ ခရီးသည်တင်ရထားတွေနှင့်ဘတ်စ်ကားတွေကိုဒေါသတကြီး မီးရှို့ခဲ့ကြပါတယ်။

အိန္ဒိယရဲ့ လူဦးရေအထူထပ်ဆုံး ဥတာပရာဒေ့ရှ်ပြည်နယ်မှာ ကြိုတင်ကာကွယ်တဲ့အနေနှင့် အနည်းဆုံး ၂၅၀ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အချို့ဆန္ဒပြသူတွေက ရဲတွေဟာ အင်အားအလွန်အကျွံသုံးခဲ့တယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

လူငယ်တွေအနေနှင့် အစီအစဉ်သစ်ကိုလိုက်နာကြဖို့ အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းက လူငယ်တွေကို မေတ္တာရပ်ခံထားပါတယ်။ ရေတပ်ဦးစီးချုပ်က သောကြာနေ့ ဆန္ဒပြပွဲတွေဟာ ထင်မှတ်ထားတာတွေမဟုတ်ကြောင်းနှင့် စနစ်သစ်နှင့်ပတ်သက်လို့ အချက်အလက်မှားတွေကြောင့်လို့ပြောပါတယ်။

ဒီလိုဆန္ဒပြတာတွေကို ကြိုမတွေးမိဘူးလို့ ရေတပ်ဗိုလ်ချူပ်ကြီး အာရ်ဟာရီကူမာက ရိုက်တာသတင်းဌာနကိုပြောပါတယ်။ အိန္ဒိယစစ်တပ်မှာ ဒါဟာ အကြီးမားဆုံး လူသားအရင်းအမြစ်စီမံခန့်ခွဲပြောင်းလဲမှုတစ်ခုဖြစ်တယ်လို့ သူကပြောပါတယ်။

Source: Reuters