Published 17 June 2022
တရုတ်နိုင်ငံက တတိယမြောက် လေယာဉ်တင်စစ်သင်္ဘောကြီး ဖူကျင်းကို ရှန်ဟိုင်းမှာ ရေချလိုက်ပါတယ်။

သင်္ဘောရဲ့အမည်ကို  တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းခြေက ဖူကျင်းပြည်နယ်ကို အစွဲပြုပြီး ပေးခဲ့တာဖြစ်ပြီး သောကြာနေ့ မနက်၁၁နာရီမှာ ကျန်းနန် သင်္ဘောကျင်းကနေ ရေချခဲ့တာပါ။ တက်ရောက်သူတွေက နိုင်ငံတော်အလံကို လွှင့်ထူတဲ့အခါ  တရုတ်နိုင်ငံတော်သီချင်းကို သီဆိုကြပါတယ်။

အဲဒီနောက်  အမည်ပေးလက်မှတ်ကိုအပ်နှင်းပြီးနောက် စစ်တပ်နှင့်အရပ် အရာရှိတွေဟာ စစ်သင်္ဘောကို ဖဲကြိုးဖြတ်ဖွင့်လှစ် ခဲ့ပါတယ်။

ရှန်ပိန်ပုလင်းတစ်လုံးကို ဖူကျင်းရဲ့ ဦးပိုင်းမှာ ဖောက်ခဲ့ပြီး ရောင်စုံတံခွန်တိုင်တွေနှင့် ရောင်စုံမီးခိုးတွေ၊ရေပန်းတွေ နှင့်အတူ ဖွင့်ပွဲကို ဆင်နွှဲကြပါတယ်။

အဲဒီနောက် လေယာဉ်တင်စစ်သင်္ဘောဟာ ဥဩဆွဲပြီး သင်္ဘောကျင်းကနေ ဖြည်းညှင်းစွာ ထွက်ခွာခဲ့ပါတယ်။

သင်္ဘောကြီးဟာ ဆိုက်ကပ်မှုနှင့်ပင်လယ်တွင်းလေ့ကျင့်မှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။

Source CCTV+