Published 15 June 2022

တောင်ကိုးရီးယားရဲ့ ကမ္ဘာကျော် K-pop အဖွဲ့ဖြစ်တဲ့ BTS က တစ်ဦးချင်းစီရဲ့ ပရောဂျက်တွေကို အာရုံစိုက်လုပ်ကိုင်တော့မှာမို့ အဖွဲ့လိုက်ဖျော်ဖြေပွဲတွေကို ရပ်နားထားမယ်လို့ အဖွဲ့အဆိုတော်တွေက အင်္ဂါနေ့က ပြောပါတယ်။

အဖွဲ့တည်ထောင်ခြင်းအထိမ်းအမှတ် FESTA နှစ်ပတ်လည် ညစာစားပွဲမှာ အဖွဲ့သားတစ်ဦးဖြစ်တဲ့ RM က သူ့အနေနှင့် BTS အတွက် ပုံမှန်အသံသွင်းရတာ ဖျော်ဖြေတင်ဆက်တာတွေမပါဘဲနှင့် တစ်ဦးတည်းသီဆိုမှုတွေလုပ်ဆောင်ဖို့ လိုအပ်လာပြီလို့ ခံစားလာရတယ်လို့ ပြောခဲ့ပါတယ်။

“ ကေပေါ့နှင့် idol စနစ်ကြီးတစ်ခုလုံးရဲ့  ပြဿနာက ခင်ဗျားတို့ကို ရင့်ကျက်လာအောင် အချိန်မပေးနိုင်ဘူး။ သီချင်းတွေ ဆက်ထုတ်လုပ်၊တစ်ခုခုအမြဲတမ်းလုပ်ခိုင်းနေတော့တာပဲ” လို့ RM ကပြောပါတယ်။ သူက အခြားအဖွဲ့သားခြောက်ဦးနှင့်အတူ စားပွဲတစ်ခုထဲထိုင်နေပြီး ကိုရီးယားလိုပြောတာဖြစ်ပါတယ်။

အဲဒီလိုရပ်နားတာကို အဖွဲ့သားတစ်ဦးက ကြားပြတ်သွားတဲ့သဘော ပြောတယ်လို့ အင်္ဂလိပ်ဘာသာသို့ပြန်ဆိုမှုအရ နားလည် ရပါတယ်။ ဒီစကားလုံးနှင့်ပတ်သက်ပြီး  အငြင်းပွားခဲ့ကြတာကို သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

“ ရှင်းလင်းအောင်ပြောရရင် ဒါဟာ ကြားအဆက်ပြတ်တဲ့သဘောမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ကိုယ်တော်အစီအစဉ်အချို့ လုပ်စရာရှိလို့ အချိန်ယူကြမယ် ပြီးတော့ မတူတဲ့ ပုံစံအမျိုးမျိုးနှင့် ဆက်လှုပ်ရှားနေကြဦးမှာပါ” လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

BTS ဟာ ၂၀၁၃ခုနှစ်မှာ ပွဲဦးထွက်ဖျော်ဖြေခဲ့ပြီးနာက် တစ်ကမ္ဘာလုံးရဲ့ နှစ်ချိုက်အားပေးမှုကိုရရှိခဲ့ကြပါတယ်။ သောကြာနေ့က သူတို့ဟာ "Proof” ဆိုတဲ့ အယ်ဘမ်အသစ်ထွက်ခဲ့ပါသေးတယ်။

မနှစ်က သူတို့ဟာ အမေရိကန်တေးဂီတဆုပေးပွဲမှာ အာရှဂီတအဖွဲ့အနေနှင့် ပထမဆုံးဆုရခဲ့ပါတယ်။ ပြီးတော့ မေလကလည်း သူတို့ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တွေ့ခဲ့ပြီး အာရှသားတွေကို ပစ်မှတ်ထားနေတဲ့ အမုန်းတရားမှုခင်းတွေကိစ္စဆွေးနွေးခဲ့ကြပါတယ်။

Source Reuters