Published 11 June 2022

ထိုင်ဝမ်က လွတ်လပ်ရေးကြေညာလျှင် ဘေဂျင်းအနေဖြင့် စစ်ပွဲတစ်ခု စတင်ရန် တွေဝေနေမည်မဟုတ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးက အမေရိကန်ကာကွယ်ရေးဝန်ကြီးကို ဇန်၁၀ရက်က သတိပေးလိုက်ပါတယ်။

ဒါဟာ ထိုင်ဝမ်ကျွန်းနှင့်ပတ်သက်လို့ မဟာအင်အားကြီးနှစ်နိုင်ငံအကြား နောက်ဆုံးပြင်းထန်စွာ တိုက်ခိုက်မှု တစ်ခုဖြစ်ပါတယ်။

စင်္ကာပူမှာ ကျင်းပနေတဲ့ ရှန်ဂရီလာဒိုင်လော့ခ်လုံခြုံရေးထိပ်သီးဆွေးနွေးပွဲနှင့်ယှဉ်လျက် တရုတ်ကာကွယ်ရေးဝန်ကြီး ဝေးဖင်ဟဲနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်အော်စတင်တို့ မျက်နှာချင်းဆိုင်အစည်းအဝေးမှာ တရုတ်က ယခုလို သတိပေးခဲ့တာပါ။

ဒီမိုကရက်တစ်နှင့်ကိုယ်ပိုင်အုပ်ချုပ်တဲ့ ထိုင်ဝမ်နှင့်ပတ်သက်လို့ အမေရိကန်နှင့်တရုတ်တို့ တင်းမာမှုတွေ မြင့်တက်နေပါတယ်။ ဘေဂျင်းက ထိုင်ဝမ်ကျွန်းကို ယင်းရဲ့ပိုင်နက်အဖြစ် သတ်မှတ်ထားပါတယ်။

“ တစ်ဦးဦးက တရုတ်ကနေ ထိုင်ဝမ်ကိုခွဲထုတ်ရဲမယ်ဆိုရင် တရုတ်စစ်တပ်ဟာ ပေးဆပ်မှုဘယ်လောက်ဖြစ်ပါစေ စစ်ပွဲတစ်ပွဲစဖို့ လုံးဝတွေဝေနေမှာ မဟုတ်ဘူး” လို့ အစည်းအဝေးအတွင်း ဝေးက အော်စတင်ကိုသတိပေးခဲ့တယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဝူချင်းက ပြောပါတယ်။

ဘေဂျင်းဟာ  ဘယ်လို ထိုင်ဝမ်လွတ်လပ်ရေး အကြံအစည်မျိုးမဆို အစိတ်စိတ်အမွှာမွှာဖြစ်အော် ဖြိုခွဲပစ်မှာဖြစ်ပြီး  အမိမြေ ပေါင်းစည်မှုကို ခိုင်မာစွာ ထိန်းသိမ်းမှာဖြစ်တယ်လို့ တရုတ်ဝန်ကြီးက သန္နိဋ္ဌာန်ချထားတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

တရုတ်ဝန်ကြီးက ထိုင်ဝမ်သည် တရုတ်ရဲ့ထိုင်ဝမ်ဖြစ်ပြီး ထိုင်ဝမ်ကိုအသုံးချပြီး တရုတ်ကိုထိန်းချုပ်ခြင်းကို ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးလို့လည်း အလေးပေးပြောခဲ့ပါတယ်။

ထိုင်ဝမ်ရေလက်ကြားတစ်လျောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး အရေးကြီးပြီး နေမြဲအခြေအနေကို တစ်ဖက်သတ်ပြောင်းလဲတာ ဆန့်ကျင်ကြောင်းနှင့် တရုတ်အနေနှင့် ထိုင်ဝမ်နှင့်ပတ်သက်လို့ နောက်ထပ်မတည်ငြိမ်မှုဖြစ်စမေယ့် နောက်ထပ်ဆောင်ရွက်မှုမျိုးရှောင်ရှားဖို့ ထပ်လောင်းအတည်ပြုပြောကြားခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

Source: AFP