Published 7 June 2022

တောင်ကိုးရီးယားနှင့် အမေရိကန်တို့ဟာ ကိုယ်ပျောက်တိုက်လေယာဉ်တွေအပါအဝင် စစ်လေယာဉ်တွေကို ကိုရီးယားကျွန်းဆွယ်ဝန်းကျင် ရေပြင်ပေါ်က ဖြတ်သန်းပျံသန်းပြခဲ့ကြပါတယ်။ မကြာသေးမီက မြောက်ကိုးရီးယားက ဒုံးကျည်တွေပစ်လွှတ်ခဲ့ပြီးနောက် ထိုနှစ်နိုင်ငံက အင်အားပြသခဲ့ကြတာဖြစ်ပါတယ်။

F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေအပါအဝင် တောင်ကိုးရီးယား စစ်လေယာဉ်(၁၆)စီးနှင့် အမေရိကန်က F-16 ဂျက်တိုက်လေယာဉ်(၄)စီးတို့ဟာ ပင်လယ်ဝါလို့သိကြတဲ့ အနောက်ပင်လယ်အပေါ်ကနေ့ တိုက်ခိုက်မှုပုံစံတပ်ဖွဲ့ ပျံသန်းပြခဲ့ကြပါတယ်လို့ ဆိုးလ်ရဲ့  ပူးတွဲစစ်ဦးစီးချုပ်တွေက သတင်းထုတ်ပြန်ပါတယ်။

Source AFP