Published 29 May 2022

တရုတ်နိုင်ငံက ပြည်တွင်းထုတ် အလယ်အလတ်အရွယ် လုပ်ငန်းစုံသုံး ရဟတ်ယာဉ် AC352 ကို လုပ်ဆောင်မှုတွေနှင့် စိတ်ချရမှုတွေကို  စမ်းသပ်ပျံသန်းမှု ပြီးဆုံးခဲ့ပြီး ဒါဟာ ပျံသန်းခွင့်လက်မှတ်ရဖို့ နောက်တစ်ဆင့်တက်သွားတာ ဖြစ်တယ်လို့ တရုတ်လေကြောင်း လုပ်ငန်းကော်ပိုရေးရှင်း AVICက စနေနေ့ကပြောပါတယ်။

AC352 ရဟတ်ယာဉ်ဟာ  တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံးကျန်းပြည်နယ် ဟာပင်းဖင်းဖှန်းလေဆိပ်ကို စနေနေ့ မနက်  ၁၀နာရီ၂၂မိနစ်မှာ ဆင်းသက်ခဲ့ပါတယ်။ လေယာဉ်ဟာ အဲဒီပြည်နယ်  ကျန်ဆန်ကျန်းရှီဒီလေဆိပ်ကျားမူးဆီ လေဆိပ်ကနေ ၆၁၆ ကီလိုမီတာ ခရီးရှည် ပျံသန်းခဲ့တာဖြစ်ပါတယ်။

စမ်းသပ်ပျံသန်းမှုပြီးဆုံးသွားတဲ့အတွက် တရုတ်နိုင်ငံ မြို့ပြလေကြောင်းပျံသန်းရေးအာဏာပိုင်အဖွဲ့က စစ်ဆေးပြီးတဲ့နောက်  ပျံသန်းခွင့်လက်မှတ်ထုတ်ပေးဖို့  နောက်ဆုံးအဆင့်ပဲ ကျန်ရှိပါတော့တယ်လို့ တရုတ်ရဲ့ ထိပ်တန်း လေယာဉ်ပျံထုတ်လုပ်တဲ့ AVIC ကပြောပါတယ်။

စမ်းသပ်ပျံသန်းမှုတွေကို တစ်ရက်ကို ငါးနာရီကြာပြုလုပ်ခဲ့တာဖြစ်ပီဲး နေ့ပျံသန်းခြင်းနှင့်ညပျံသန်းခြင်းတွေကိုပါ ဆောင်ရွက်ခဲ့ကြပါတယ်လို့သိရပါတယ်။

Source CCTV