Published 28 May 2022

ဖီဖာကမ္ဘာ့ဖလား ဆုကြီး ကမ္ဘာတစ်လွှား နိင်ငံပေါင်း ၅၃ နိုင်ငံ ခရီးလှည့်လည်အစီအစဉ်အရ ကမ္ဘာ့ဖလားဆုကြီးဟာ ကြာသပတေးနေ့က ကင်ညာ နိုင်ငံကို ဆိုက်ရောက်လာခဲ့ပါတယ်။

ဆုကြီးသယ်ဆောင်လာတဲ့ လေယာဉ်ဟာ အီသီယိုပီးယားကနေ ကင်ညာနိုင်ငံ ဂျိုမိုကင်ညာတာ‌ နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်လာခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ကမ္ဘာ့ဖလား ဆုရ ဂျူလီယာနို ဘက်လက်တီဟာ ဆုဖလားကြီးနှင့် အတူလိုက်ပါလာခဲ့ပြီး ကင်ညာနိုင်ငံ အားကစားနှင့်  အမွေအနှစ်ဝန်ကြီးဌာနဝန်ကြီးနှင့် ကမ္ဘာလှည့်ခရီးသွားဌာနဝန်ကြီးတို့က ကြိုဆိုခဲ့ကြပါတယ်။

အဲဒီနောက် ၆.၁၄၂ ကီလိုဂရမ်အလေးချိန်ရှိ ရွှေဆုကြီးကို သမ္မတအိမ်တော်ကို ဆက်လက်သယ်ဆောင်ပြီး အဲဒီနေရာမှာ သမ္မတ ယူဟူယူကင်ညာတာ က လက်ခံရခဲ့ပါတယ်။

ကမ္ဘာ့ဖလားဆုကို ကင်ညာနိုင်ငံကာကွန်ဗင်းရှင်းစင်တာမှာ အများပြည်သူကို နှစ်ရက်ကြာပြသမှာဖြစ်ပြီး အဲဒီနောက် တောင်အာဖရိကန်နှင့် တန်ဇန်းနီးယာနိုင်ငံတွေကို ဆက်လက်သယ်ဆောင်မှာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို လာမယ့်နိုဝင်ဘာမှာ ကာတာနိုင်ငံ၌ ကျင်းပမှာဖြစ်ပါတယ်။

Source CCTV