Published 27 May 2022

သေနတ်ထိန်းချပ်ရေးလှုပ်ရှားတက်ကြွသူတွေနှင့် ဥပဒေပြုအမတ်တွေဟာ မေ ၂၆ရက်က အမေရိကန် ကပ္ပီတိုလ် လွှတ်တော် အဆောက်အအုံရှေ့မှာ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ ဆန္ဒပြတောင်းဆိုကြပါတယ်။

တက္ကဆပ်မှာ သေနတ်သမားက အစုလိုက် အပြုံလိုက်ပစ်သတ်ခဲ့လို့ ကျောင်းသူကျောင်းသား ကလေးငယ် ၁၉ဦးသေဆုံးခဲ့ရပြီးနောက် ဒီဆန္ဒပြပွဲဖြစ်လာတာပါ။ “ကျွန်မ ဒီကိုလာတာဟာ နောက်တစ်ခါဆို ကျွန်မအလှည့်ဖြစ်မလား ကြောက်လို့ပဲ” လို့ အတန်းမတက်ဘဲ ဆန္ဒလာ ပြတဲ့ အထက်တန်းကျောင်းသူတစ်ဦးကပြောပါတယ်။

Source AFP