Published 24 May 2022

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်အန်ဟာ ပြုံယမ်းမှာပြုလုပ်တဲ့ ကွယ်လွန်သူ ကိုးရီးယားပြည်သူ့တပ်မတော်ရဲ့မာရှယ်ယွန်ချိုဟေးရဲ့ ဈာပနကို ကိုယ်တိုင်တက်ရောက်ပြီး ခေါင်းတလားကိုပါ ကိုယ်တိုင်သယ်ဆောင်သင်္ဂြိုလ်ပေးခဲ့ပါတယ်။

တနင်္ဂနွေနေ့ကပြုလုပ်တဲ့ အဆိုပါဈာပနအခမ်းအနားကို မြောက်ကိုးရီးယား အစိုးရမီဒီယာက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ကွယ်လွန်သူ မာရှယ်ယွန်ချိုဟေးဟာ ကင်မ်ဂျုန်အန်ရဲ့ ဆရာတစ်ဦးဖြစ်ခဲ့ပြီး ဖခင်ကင်ဂျုန်အီလ် ၂၀၁၁ခုနှစ်မှာသေဆုံးတဲ့အခါ သူ့အရိုက်အရာကို ကင်မ်ဂျုန်အန်ဆက်ခံနိုင်အောင်ပြင်ဆင်ပေးခဲ့သူလို့ သိထားကြပါတယ်။သူဟာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အထွေထွေအကြံပေးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်။

ကိုဗစ်ကူးစက်မှုတွေမြင့်မားနေတဲ့ မြောက်ကိုးရီးယားမှာ ခေါင်းဆောင် ကင်မ်ဟာ ဈာပနအခမ်းအနားမှာ maskတပ်ဆင်ခြင်း မရှိဘဲ အခြားအရာရှိကြီးတွေနှင့်အတူ ခေါင်းတလားကိုသယ်ဆောင်ခဲ့တာပါ။

Source AFP