Published 19 May 2022

ပြင်သစ်နိုင်ငံ ကိန်းမြို့တွင်ကျင်းပနေတဲ့ ၇၅ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်ရဲ့  "Top Gun: Maverick" ဇာတ်ကားသစ် ပထမဆုံးအထူးပွဲကို မေ ၁၈ရက်က ပြသခဲ့ရာ သရုပ်ဆောင်အကျော်အမော်တွေဟာ ကော်ဇော်နီလျှောက်လှမ်းပေါ်ကနေ ဖြတ်သန်းလျှောက်လှမ်းခဲ့ကြပါတယ်။

တွမ်ခရုစ်ဟာ သူ့ဇာတ်ကား"Top Gun: Maverick"အတွက် နှစ်ပေါင်း ၃၀အတွင်း ကိန်းကို ပထမဆုံးရောက်ခဲ့ပြီးနောက် ရုပ်ရှင်မှာသူ့ရဲ့စိတ်ထက်သန်ပြင်းပြမှုအတွက် ဂုဏ်ထူးဆောင် Palme d'Or ဆုကို လက်ခံရယူခဲ့ပါတယ်။

သရုပ်ဆောင်အယ်လ်ဖန်နင်း၊အန်တိုနီဒယ်လွန်တို့ကလည်း အဲဒီဇာတ်ကားအတွက် တက်ရောက်ခဲ့ကြပြီး  ပြင်သစ်မင်းသား အိုမာဆိုင်းကလည်း သူ့ရုပ်ရှင်"Tirailleurs" အထူးပွဲကို တက်ရောက်လာခဲ့ပါတယ်။ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အစိတ်အပိုင်း "Top Gun: Maverick" အထူးကော်ဇော်နီပွဲ တက်ရောက်လာသူတွေရဲ့ မြင်ကွင်းပုံရိပ်တွေကို တင်ဆက်လိုက်ရပါတယ်။

Source AFP