Published 14 May 2022

တရုတ်နိုင်ငံရဲ့ကြီးထွားလာမှုကိုရင်ဆိုင်နေရချိန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေနှင့် ဝါရှင်တန်မှာကျင်းပတဲ့  ပထမဆုံးထိပ်သီးအစည်းအဝေးမှာ အရှေ့တောင်အာရှနိုင်ငံတွေအတွက် ရေရှည်ကတိကဝတ်ပြုလိုက်ပါတယ်။

ဘိုင်ဒင်က ကနဦးဦးစီးဦးရွက်ပြုမှုအဖြစ် ဒေါ်လာသန်း၁၅၀အစီအစဉ်နှင့် အာဆီယံအတွက် ပထမဆုံး အချိန်ပြည့် အမေရိကန် သံအမတ်ကြီးကိုခန့်အပ်မှာကို ကြေညာခဲ့ပါတယ်။

ဒါဟာ အမေရိကန်-အာဆီယံဆက်ဆံရေးရဲ့ ခေတ်သစ်တစ်ခုလို့သူကကြိုဆိုလိုက်ပြီး အမေရိကန်အစိုးရရဲ့ မဟာဗျူဟာအချက်အခြာထဲမှာ အာဆီယံရဲ့ဗဟိုပြုမှုပါဝင်တယ်လို့ပြောဆိုလိုက်ပါတယ်။

လွတ်လပ်ပွင့်လင်း၊တည်ငြိမ်ကြွယ်ဝပြီးဒူပေနာပေခံနိုင်မှုနှင့် လုံခြုံမှုရှိတဲ့ ဒေသတစ်ခုကို ကျွန်တော်တို့ရှာဖွေနေတာဖြစ်တယ် လို့ ဘိုင်ဒင်က အာဆီယံခေါင်းဆောင်တွေကိုပြောကြားလိုက်ပါတယ်။

Source AFP