#WorldHealth
Published 14 May 2022

 

ကိုဗစ်ရောဂါဖြစ်စေတဲ့ အိုမီခရွန်မျိုးဗီဇကွဲမှ ထပ်မံခွဲထွက်လာတဲ့ မျိုးနွယ်ခွဲဗိုင်းရပ်စ်တွေကူးစက်မှုများပြားလာတဲ့အပြင် ကိုဗစ်ထိန်းချုပ် ကန့်သတ်ချက်များ ဖြေလျှော့လာခြင်းကြောင့် အာဖရိက တောင်ပိုင်းမှာ ကိုဗစ်ကူးစက်မှုလှိုင်းဖြစ်ပေါ်လျက်ရှိ‌ကြောင်း WHO က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

 

“ကူးစက်မှုမြင့်တက်လာခြင်းက အစောပိုင်းသတိပေးချက်တစ်ခုဖြစ်ပြီး အနီးကပ်စောင့်ကြည့်နေပါတယ်၊ အခုအချိန်မှာ နိုင်ငံ‌တွေအနေနဲ့ ကြိုတင်ပြင်ဆင်ထားသင့်ပါပြီ၊ နောက်ထပ်ကူးစက်မှုဖြစ်လာတဲ့အခါ ထိရောက်စွာတုန့်ပြန်နိုင်အောင် စီစဉ်ထားသင့်ပါတယ်” လို့ WHO မှ အာဖရိကဒေသတွင်းဆိုင်ရာ အရေးပေါ်ပြင်ဆင်ရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေးဒါရိုက်တာ ဒေါက်တာ’အက်ဘ်ဒူဆာလမ်ဂူယီ’က ပြောကြားသွားပါတယ်။

 

Source: Reuters
#Yangon_Media_Group