Published 12 May 2022

အာဏာပိုင်တွေက သုံးရက်ကြာလော့ခ်ဒေါင်းလုပ်မယ်လို့ အွန်လိုင်းပေါ်မှာ ကောလာဟလတွေထွက်လာတဲ့အတွက် ဘေဂျင်း ဒေသခံတွေဟာ စူပါမားကက်တွေမှာ မေ(၁၂)ရက်က စားသောက်ကုန်တွေကို အပြေးအလွှား အလုအယက် ဝယ်ယူ  နေခဲ့ကြ  ပါတယ်။

ဘေဂျင်းမှာ ကိုဗစ်နေ့စဉ်ကူးစက်မှုမှာ ဒါဇင်ကျော်ရှိပြီး တည်ငြိမ်နေပါတယ်။

ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာတော့ ဘေဂျင်းဟာ အငှားယာဉ်နှင့် အငှားယာဉ်မောင်းလုပ်ငန်းတွေကို ကိုဗစ်ကူးစက်မှုစတင်ခဲ့တဲ့ ဘေဂျင်းရဲ့ကြီးဆုံးခရိုင်ဖြစ်တဲ့ ချောင်းယန်ခရိုင်နှင့်အခြားခရိုင်နှစ်ခုမှာ ခေတ္တရပ်ဆိုင်းကြောင်းကြေညာချက်  ထုတ်ပြန် ခဲ့ပါတယ်။

အဲဒီဒေသတွေမှာ စားသောက်ဆိုင်တွေထမှာ ထိုင်စားတာတွေပိတ်ခဲ့ပြီး အချို့ ဈေးဝယ်စင်တာတွေ၊ဖျော်ဖြေရေးနှင့်ခရီးသွား နေရာတွေကိုပိတ်ခဲ့ပါတယ်။အချို့ ဘတ်စ်လိုင်းနှင့် မြေအောက်ရထားလမ်းပိုင်းတွေကို ယာယီရပ်ဆိုင်းခဲ့ပါတယ်။ အချို့ လူနေအိမ်ရာတွေကို‌ လော့ခ်ဒေါင်းချခဲ့ပါတယ်။

Source Text: AFP/Reuters & Video AFP