#ဒုတိယကမ္ဘာစစ်-ထိုင်းမြောက်ပိုင်းတပ် Phayap Army များက ရှမ်းပြည်နယ်ကို ကျူးကျော်ဝင်ရောက်
မေ ၁၀ ၊ ၁၉၄၂ ခုနှစ်
၁၉၄၁ခုနှစ် ဒီဇင်ဘာ ၂၁ ရက် တွင် ထိုင်းနိုင်ငံက ဂျပန်နိုင်ငံနှင့် စစ်ရေးမဟာမိတ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲဒီနောက် ၁၉၄၂ ခုနှစ် မတ် ၂၁ရက်တွင် မြန်မာနိုင်ငံ ကယားပြည်နယ်နှင့်ရှမ်းပြည်နယ်တို့ကို ထိုင်း၏ထိန်းချုပ်မှုအောက်တွင်ထားရှိရန် ဂျပန်က သဘောတူခဲ့ပါတယ်။အဲဒါကြောင့် ၁၉၄၂ခုနှစ် မေ(၁၀)ရက်နေ့မှာ ထိုင်း Phayap Army မြောက်ပိုင်းတပ်ရဲ့ ဦးဆောင်အစိတ်အပိုင်းတွေက နယ်စပ်ဖြတ်ကျော်ပြီး ရှမ်းပြည်နယ်ထဲ ဝင်ရောက်ကျူးကျော်ခဲ့ပါတယ်။
မေ၁၀ရက်ထူးခြားဖြစ်ရပ်အချို့က..
၁၈၉၄
ဟောင်ကောင်အစိုးရက ဆိပ်ကမ်းတွင်ပလိပ်ရောဂါကူးစက်နေကြောင်းကြေညာ။ယင်းမှစကာ ၂၉နှစ်တိုင် လူပေါင်း ၂၀၈၄၉ ဦးသေဆုံးခဲ့
၁၉၃၃
ပါရာဂွေးက ဗိုလစ်ဗီးယားကို စစ်ကြေညာ
၁၉၄၀
ဒုတိယကမ္ဘာစစ်- နာဇီဂျာမနီတို့က နယ်သာလန်၊ဘယ်ဂျီယမ်၊လူဇင်ဘတ်နှင်ပြင်သစ်တို့ကို ကျူးကျော်
၁၉၉၄
နယ်လ်ဆင်မင်ဒဲလား တောင်အာဖရိက၏ ပထမဆုံးလူမည်းသမ္မတအဖြစ် ကျမ်းသစ္စာဆို