Published 9 May 2022

ဓာတ်ဆီဈေးနှုန်းတွေတက်လာတဲ့အတွက် အမေရိကန်တွေဟာ သူတို့ရဲ့ ကားမောင်းတဲ့အလေ့အထကို ပြောင်းလဲပြီး ကားနှင့်ခရီးတွေကို အတင်းအကျပ်လျှော့ချလာနေရတယ်လို့ လေ့လာဆန်းစစ်မှုတစ်ခုအရ သိရပါတယ်။

ဧပြီ၂၉ရက်ကနေ မေ(၁)ရက်အထိ ရာဟူး/မာရူးရဲ့ အများပြည်သူထင်မြင်ချက်ဆိုင်ရာ လေ့လာဆန်းစစ်မှုတစ်ခုမှာ ကြုံရာ အမေရိကန်ယာဉ်မောင်း ၁၃၉၂ဦးကို မေးမြန်းခဲ့ပါတယ်။

အဲဒီအခါ သူတို့ထဲက ၆၆ရာခိုင်နှုန်းဟာ ဓာတ်ဆီဈေးနှုန်းတွေတက်လာလို့ ကားမောင်းတဲ့အလေ့အထကို ပြောင်းလဲပစ်နေ ရတယ်လို့ ဖြေကြပါတယ်။

ယာဉ်ပိုင်ရှင်တွေ ဒါမှမဟုတ် အိမ်ထောင်စုတွေရဲ့ သုံးပုံနှစ်ပုံက သူတို့ဟာ သူတို့ရဲ့ ယာဉ်မောင်းပုံစံကို သိသိသာသာပြောင်း လဲရပြီး မလိုအပ်တဲ့ ကားမောင်းခရီးတွေကို ဖြတ်တောက်ပစ်လိုက်တယ်လို့ပြောကြပါတယ်။

ကျန်တဲ့ ၃၄ရာခိုင်နှုန်းကတော့ သူတို့အနေနှင့် ဆီဈေးတစ်ဂါလံကို အမေရိကန်ဒေါ်လာ(၅)ဒေါ်လာနားမကပ်မချင်း ယာဉ်အသုံးပြုတဲ့အလေ့အထကို ပြောင်းလဲစရာသိပ်မရှိဘူးလို့ပြောပါတယ်။

ပုံမှန်ဓာတ်ဆီတစ်ဂါလံဈေးနှုန်းဟာ  တနင်္လာနေ့က အမေရိကန်တစ်နိုင်င့လုံးမှာ ပျှမ်းမျှအားဖြင့် ၄.၃၈ဒေါ်လာခန့်ရှိနေပါတယ်။ နီဗာဒါနှင့်ကာလီဖိုးနီးယာတို့မှာတော့ ဈေးနှုန်းဟာ (၅)ဒေါ်လာ အထက်ရှိနေပါတယ်။ ဒီဇယ်ဈေးနှုန်းဟာ စံချိန်တင်မြင့်တက်တာ ပိုလို့တောင်မြန်နေပါသေးတယ်။

ထောက်ပို့စရိတ်တွေမြင့်တက်လာတဲ့အလျောက် ဓာတ်ဆီဈေးတွေတက်လာတာဟာ အမေရိကန်ရဲ့ စီးပွားရေးတစ်ခုလုံးကို သက်ရောက်မှုရှိလာနိုင်တယ်လို့ သုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။

Source CMG