Published 30 April 2022

ရုရှားရဲ့ နိုဗာတက်ခ်ကုမ္ပဏီက ပိုလန်မြို့ဒါဇင်ခန့်ကို ဓာတ်ငွေ့ထောက်ပံ့မှု ဗုဒ္ဓဟူးနေ့က စပြီး ရပ်ဆိုင်းလိုက်ပါတယ်။ ပိုလန်အစိုးရက ရုရှားအပေါ်ကန့်သတ်ပိတ်ဆို့မှုတွေလုပ်တာကို ရုရှားက ပြန်လည်တုန့်ပြန်အရေးယူမှုအနေနှင့် ယခုလို  ဓာတ်ငွေ့တွေရပ်တန့်ခဲ့တာပါ။

အဲသလို ရပ်တန့်မှုကြောင့် ပိုလန်က အဲဒီမြို့ရဲ့ဒေသခံတွေဟာ သူတို့ရဲ့ နေ့စဉ်ပုံမှန်ဘဝတွေအပေါ် ပြတ်တောက်မှု ဖြစ်စေ တယ်လို့ ညည်းညူနေကြပါတယ်။

ပိုလန်နိုင်ငံ အလယ်ပိုင်းက ဇာဂိုရိုးလ်မှာရှိတဲ့ လူနေအဆောက်အအုံတွေ၊မူကြိုကျောင်းတွေ၊ စာကြည့်တိုက်တွေနှင့် အစိုးရရုံးတွေမှာ သဘာဝဓာတ်ငွေ့တွေကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။

Source CMG