Published 28 April 2022

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်က သူ့အနေနှင့် ကိုကင်းကို ပြန်သောက်လို့ရအောင် ကိုကာကိုလာ လုပ်ငန်းကို ဝယ်ယူလိုတယ်လို့ တွစ်တာမှာ ဧပြီ ၂၇ ရက်ကရေးသားလိုက်ပါတယ်။

တွစ်တာကို ဒေါ်လာ ၄၄ဘီလျံနှင့် ဝယ်ယူလိုက်ပြီး (၂)ရက်အကြာမှာ မတ်က အခုလို တွစ်တာမှာရေးသားလိုက်တာပါ။သူက အချိုရည်ကုမ္ပဏီကို ဝယ်ယူဖို့အစီအစဉ်ကို တွစ်တာကနေ အသံပေးပြီး တစ်နာရီတောင်မကြာသေးခင်မှာဘဲ “ တွစ်တာကို အမြင့်မားဆုံးပျော်ရွှင်မှုရအောင်လုပ်ကြစို့” လို့ ထပ်ပြီးတွစ်တာမှာရေးလိုက်ပါတယ်။

ကိုကာကိုလာနှင့်ပတ်သက်လို့ မတ်ရဲ့ ပြောကြားမှုတွေဟာ ပြောင်ချော်ချော်သဘောတော ဖြစ်ပုံရပါတယ်။ အနောက်အပြောင် ကလည်း တစ်ခါတစ်ခါ အမှန်တွေဖြစ်တတ်ပါတယ်လို့ Business Insider ကရေးသားပါတယ်။

မူးယစ်ဆေးဝါးအလွဲသုံးစားပြုမှုဆိုင်ရာ အမျိုးသားအင်စတီကျူရဲ့အဆိုအရ အတ္တလန်တာက ဆေးဝါးပညာရှင် ဂျွန် ပမ်ဘာတွန်က ကိုကင်းကို အချိုရည်ထဲ ပထမဆုံးထည့်သောက်တဲ့ ၁၈၈၅ခုနှစ်ကစပြီး ကိုကင်းဟာ တရားဝင်ဖြစ်လာကြောင်း သိရပါတယ်။

အဲဒီအချိန်တုန်းက ပမ်ဘာတွန်အသုံးပြုခဲ့တာဟာ ကိုကာအရွက်ကနေထုတ်နုတ်ယူတဲ့ ကိုကင်းဖြစ်ပါတယ်။ အဲဒီအချိုရည်ကို သူက ဆေးအဖြစ်မှတ်ပုံတင်ပြီး “ဦးနှောက်အားတိုးဆေးနှင့် အသိဉာဏ်အချိုရည်” လို့ဆိုခဲ့ပါတယ်။

၁၉၈၈ခုနှစ်မှာ နယူးယောက်တိုင်းမ်က ကိုကာကိုလာကုမ္ပဏီနှင့်ပတ်သက်လို့ ဆောင်းပါးတစ်ပုဒ်ရေးသားခဲ့ရာမှာ ကိုကာကို         လာထဲမှာကိုကင်းဟာ ကနဦးမှာပါဝင်ခဲ့ပြီး ၁၉၀၀ကျော်လွန်နှစ်တွေမှာတော့ ဖျက်သိမ်းခဲ့ပါတယ်လို့ ဖော်ပြထား ပါ  တယ်။

Insider က ကိုကာကိုလာ ကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေဆီက မှတ်ချက်မေးမြန်းပေမယ့် ချက်ခြင်းမတုန့်ပြန်သေးပါဘူး။

မတ်ရဲ့ကိုကာကိုလာနှင့်ပတ်သက်တဲ့ တွစ်တာပို့စ်ဟာ အွန်လိုင်းမှာ လူသိများသွားပါတယ်။ ဟန်တာဘိုင်ဒင်ရဲ့ မူးယစ်ဆေးဝါးသုံးတဲ့ အထာက်အထားကိုဖွခဲ့တဲ့ ရီပတ်ဗလင်ကင်က လောရင်းဘိုဘတ်က “ ဟန်တာက ရှင့်ကို အကူအညီ   တောင်းခဲ့လို့လား” လို့ ပြန်ရေးသားခဲ့ပါတယ်။

မတ်က တွစ်တာကိုဝယ်ယူလိုက်ကြောင်းကြေညာပြီးနောက် တွစ်တာအသုံးပြုသူတော်တော်များများက “ နောက်ထပ် ဘယ်ကုမ္ပဏီဝယ်သင့်သလဲ” ဆိုတာ အကြံပေးပို့စ်တွေ တွစ်တာမှာရေးခဲ့ကြပါတယ်။

တစ်ယောက်ကတော့ မတ်ဟာ ဖောက်စ် ကိုဝယ်သင့်တယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ "Firefly" စီးရီး ကိုနောက်ထပ်အတွဲ ထပ်ကြည့်ချင်သေးလို့ပါ လို့သူကပြောတာပါ။မတ်က အဲဒီစီးရီးနှင့်ပတ်သက်လို့ “အချို့သောသိပ္ပံဆန်း ကြယ် ဇာတ်လမ်းတွေဟာ တကယ့်ကိုကောင်းတာပဲ” လို့ပြောခဲ့လို့ပါ။

နောက်တစ်ယောက်ကတော့ မတ်ကို Historyရုပ်သံလိုင်းကို ဝယ်ခိုင်းပါတယ်။ မတ်က အဲဒီသူရဲ့ပို့စ်ကို မျက်ရည်ထွက်အောင် ရယ်နေတဲ့ အီမိုဂျီအရုပ်ကလေးနှင့် ပြန်ပြီး အကြောင်းကြားတုန့်ပြန်ခဲ့ပါတယ်။

Source Insider