Published 21 April 2022

တရုတ်သမ္မတ ရှီကျင့်ဖင်းဟာ ဧပြီလ ၂၁ရက် ကြာသပတေးနေ့ မနက်ပိုင်းက ကျင်းပတဲ့ အာရှအတွက် ဘိုအောင်းဖိုရမ် BFA နှစ်ပတ်လည်ကွန်ဖရင့် ၂၀၂၂ဖွင့်ပွဲမှာ အမှာစကးးပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်း ကျွန်းပြည်တယ် ဟိုင်နန်မှာ ဧပြီ ၂၀ရက်မှ ၂၂ရက်အထိကျင်းပတဲ့ နှစ်ပတ်လည် ဘိုအောင်းဖိုရမ်ကို “ ကိုဗစ်-၁၉နှင့် အလွန်ကမ္ဘာ- ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးရေးနှင့် မျှဝေခံစားအနာဂတ်” ဆိုတဲ့ ခေါင်းစဉ်နှင့် ကျင်းပနေတာပါ။

ကမ္ဘာကြီးမှာ စိန်ခေါ်မှုများစွာနှင့်ရင်ဆိုင်နေရတဲ့အချိန်မှာ ကျင်းပတဲ့ ဒီနှစ် နှစ်ပတ်လည်ဘိုအောင်းဖိုရမ်ဟာ အလွန့်ကို ထူးခြားအရေးပါနေပါတယ် လို့  သမ္မတရှီကပြောပါတယ်။

“ကမ္ဘာကြီး၊အချိန်ကာလတွေနှင့် သမိုင်းရဲ့ပြောင်းလဲမှုတွေဟာ အခုဆိုရင် မကြုံစဖူးသောလမ်းကြောင်းတွေ လှစ်ဟပြသနေပါတယ်။ အဲဒါတွေဟာ လူသားတွေအပေါ် စိန်ခေါ်မှုတွေဖြစ်လာပြီး ဒါကို ဂရုတစ်စိုက်ကိုင်တွယ်ရပါမယ်။  ရာစုနှစ်မှာတစ်ခါကြုံရတဲ့ ကပ်ဘေးရဲ့အရိပ်ကနေ လူသားတွေ မထွက်ခွာနိုင်သေးတဲ့အလျောက်  သမားရိုးကျလုံခြုံရေး အန္တရာယ်အသစ်တွေဟာလည်း ပေါက်ဖွားလာနေပါတယ်။ ထိခိုက်လွယ်ပြီးယိုင်တိယိုင်တိုင်ဖြစ်နေတဲ့ ကမ္ဘာ့စီးပွာရေးနာလန်ထူမှုဟာ ဖွံ့ဖြိုးတိုးတက်မှုကွာဟမှုတွေကျယ်ပြန်လာကြောင့် ပိုဆိုးရွားလာနေစေပါတယ်။ အုပ်ချုပ်မှုလိုငွေပြနေတဲ့ ရာသီဥတုပြောင်းလဲမှုလိုမျိုးနယ်ပယ်တွေကိစ္စ မကိုင်တွယ်ရသေးချိန်မှာ ဒစ်ဂျစ်တယ်အုပ်ချုပ်မှုလိုမျိုတွေက ကျွန်တော်တို့ရှေ့ရောက်လာနေတယ်။ အဲဒါကြောင့် ဒီနောက်ခံကားပေါ်က ဒီနှစ် ကွန်ဖရင့်ရဲ့ ခေါင်းစဉ်ဟာ အထူးကိုအရေးကြီးနေပါတယ်” လို့ သမ္မတရှီကပြောပါတယ်။

တရုတ်ဒုတိယဝန်ကြီးချုပ် ဟန်ကျိုင်းကလည်း ဖွင့်ပွဲနှင့်အခြားဆက်စပ်အခမ်းအနားတွေကို တက်ရောက်ပါတယ်။

တက်ရောက်သူတွေဟာ အာရှနှင့် ကမ္ဘာကြီးရဲ့ ကပ်ဘေးအလွန်ဖွံဖြိုးရေးတိုးတက်ရေးအစီအစဉ်တွေကို ကွန်ဖရင့် အစည်းအဝေးတွေအတွင်း‌ ဆွေးနွေးဖလှယ်ကြမှာဖြစ်ပါတယ်။

၁၉၉၈ စီးပွားရေးအကျပ်အတည်းဖြစ်ပြီးတဲ့နောက် အာရှနိုင်ငံတွေဟာ စီးပွားရေး ပေါင်းစည်းဆောင်ရွက်မှုတွေကိုရှာဖွေရင်း ၂၀၀၁ခုနှစ်မှာ ဘိုအောင်းဖိုရမ်ကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းကြီးအဖြစ် တည်ထောင်ခဲ့ကြတာဖြစ်ပါတယ်။

Source CMG