Published 20 April 2022

ငွေကြေးဖောင်းပွမှု၊ ယူကရိန်းစစ်ပွဲနှင့် ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေကြောင့် ဆယ်စုနှစ်တစ်စုကျော်အတွင်း ပထမဆုံးအဖြစ် Netflix နက်ဖလစ်ကို လပေးကြည့်ရှုသူတွေ ကျဆင်းလာပြီး ဆက်ပြီး အများကြီးလျော့နည်းသွားဦးမယ်လို့ ကုမ္ပဏီက ခန့်မှန်းလိုက်ပါတယ်။

ပထမသုံးလမှာ နက်ဖလစ်ကို လပေးကြည့်ရှုသူ နှစ်သိန်း ဆုံးရှုံးသွားရာ လပေးကြည့်ရှုသူ ၂.၅သန်းတိုးလာဖို့ ခန်းမှန်းခဲ့တာနှင့် အကွာကြီးကွာသွားပါတယ်။  ရုရှားမှာ နက်ဖလစ်ရပ်လိုက်တာကလည်း ကြည့်ရှုသူ (၇)သိန်း ဆုံးရှုံးစေခဲ့ပါတယ်။ ဝေါစထရိမှာ စတော့ရှယ်ယာ ၂၆ ရာခိုင်နှုန်းကျဆင်းသွားပြီး စတော့ဈေးကွက်တန်ဖိုး ၄၀ဘီလျံလောက် ဖျက်ပစ်လိုက်စေပါတယ်။ ဇန်နဝါရီမှာ လပေးကြည့်ရှုနှုန်းအားနည်းလာတာကို သတိပေးပြီးကတည်းက ကုမ္ပဏီဟာ ယင်းရဲ့တန်ဖိုးတစ်ဝက်လောက် ကျဆင်းသွားပါတယ်။

အဲဒါကြောင့်နက်ဖလစ်ဟာ ကြော်ငြာတွေပါတဲ့ ကြည့်ရှုနှုန်းသက်သာတဲ့ ပုံစံကို ချက်ခြင်း လုပ်ဆောင်ဖို့ ဖြစ်လာရပါတယ်။ ဒီလို ပုံစံမျိုးကို ပြိုင်ဘက်တွေဖြစ်တဲ့ HBO Max နှင့် Disney+.တို့ အောင်မြင်မှုတွေရနေပါတယ်။

“ ကြေညာတွေရဲံရှုပ်တွေးမှုကို ကျွန်တော်ဆန့်ကျင်ပြီး ရိုးရိုး လပေးကြည့်ရှုတဲ့ပုံစံကို ကျွန်တော်အလွန်သဘောကျတာ နက်ဖလစ်ကြည့်တဲ့သူတွေသိကြပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ အဲဒီလိုပရိသတ်တစ်ဦးဖြစ်နေသရွေ့ စားသုံးသူတွေ ရွေးချယ်မှုရဲ့ ပရိသတ်လည်းဖြစ်ရဦးမှာပါ” လို့ နက်ဖလစ်ရဲ့ စီအီးအို ရိဒ်ဟက်စ်တင်းက ပြောပါတယ်။

လာမယ့်နွေဦးသုံးလပတ်မှာ နာမည်ကြီးနေတဲ့ "Stranger Things" ၊"Ozark" နှင့် "The Grey Man,"  တွေပြန်ပြဖို့ ရှိနေတာတောင်မှ လပေးကြည့်ရှုသူ (၂)သန်း လျော့ကျဦးမယ်လို့ ခန့်မှန်းကြပါတယ်။

နက်ဖလစ်ရဲ့ကျဆင်းမှုနှင့်အတူ အခြားသော ဗွီဒီယို streaming နှင့်ဆက်စပ်တဲ့ Roku ဟာ ၆ ရာခိုင်နှုန်းကျော် ၊ Walt Disney ဟာ ၅ ရာခိုင်နှုန်းနှင့် Warner Bros Discovery တို့ဟာ ၃.၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားပါတယ်။

အကောင့်တစ်ခုတည်းး မျှသုံးတာဟာ နက်ဖလစ်ရဲ့ ကာလရှည်ရပ်တည်ထားတဲ့ အလေ့အထတစ်ခုဖြစ်ပေမယ့် အကောင့် မျှသုံးနေကြတဲ့ အမေရိကန်နှင့်ကနေဒါက အိမ်ထောင်စုပေါင်း သန်း၃၀အပါ စုစုပေါင်း အိမ်ထောင်စုသန်း၁၀၀ဆီက ဝင်ငွေ တွေ ဘယ်လိုရရှိအောင်လုပ်မယ်ဆိုတာ နည်းလမ်းစဉ်းစားနေပါတယ်။

ပြီးခဲ့တဲ့နှစ်က Streaming လုပ်ငန်းတွေဟာ လပေးကြည့်ရှုသူတွေကို ဆွဲဆောင်ဖိုန့ှင့်ထိန်းထားဖို့ သူတို့မှာပြသဖို့ ဇာတ်ကားသစ်တွေအတွက် ဒေါ်လာ ၅၀ဘီလျံ အသုံးပြုခဲ့ကြရာ ၂၀၁၉မှာသုံးတာထက် ၅၀ ရာခိုင်နှုန်းပိုများလာတာ ဖြစ်ပါတယ်။

Source Reuters