Published 18 April 2022

အာရှပစိဖိတ်ဒေသဟာ အင်အားကြီးနိုင်ငံတွေရဲ့ ကစားပွဲအတွက် စစ်တုရင်ခုံမဟုတ်ဘူးလို့ တရုတ်နိုင်ငံကပြောပါတယ်။ အာဆီယံနိုင်ငံတွေဟာ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုမှာ နယ်ရုပ်တွေမဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝေဘင်က ဧပြီ ၁၈ရက်နေ့ တနင်္လာနေ့က ပြောပါတယ်။

ဝါရှင်တန်ဒီစီတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်များနှင့် မေ၁၂ရက်နှင့် ၁၃ရက်များတွင် တွေ့ဆုံ၍ ထိပ်သီးဆွေးနွေးပြုလုပ်မည့်အစီအစဉ်နှင့်ပတ်သက်၍ ဝမ်ဝေဘင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပါတယ်။

Source AFP