Published 13 April 2022

ဆက်လက်ဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်း အကျပ်အတည်းဟာ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာတွေရဲ့ ကမ္ဘာလုံးဆိုင်ရာ ထောက်ပို့ကွင်းဆက်ပြတ်တောက်မှုတွေ ရှည်ကြာစွာဖြစ်ပေါ်နေရပါတယ်။ အဲဒါကြောင့် ပြီးခဲ့တဲ့ ၁၈လအတွင်းကနေ ယှဉ်ရင် ဓာတ်မြေဩဇာဈေးနှုန်းတွေဟာ အရှေ့တောင်အာရှမှာ နှစ်ဆကျော် တက်လာနေပါတယ်။

အာဆီယံနိုင်ငံတွေမှ စိုက်ပျိုးရေးကဏ္ဍဟာ အဓိက ကဏ္ဍဖြစ်နေတဲ့အတွက် သီးနှံအဟာရတွေ ပြတ်တောက် မလုံလောက်မှုတွေက အစားအသောက်ဈေးနှုန်းတွေတက်လာစေပြီး ဒေသက လူသန်းပေါင်းများစွာအတွက် စားနပ်ရိက္ခာလုံခြုံရေးအတွက်လည်း ခြိမ်းခြောက်မှုတွေဖြစ်ပေါ်နေစေပါတယ်။

အာရှရဲ့ စပါးကျီလို့ တင်စားရတဲ့ နိုင်ငံ့စီးပွားရေးရဲ့ ကျောရိုးဖြစ်နေတဲ့ ထိုင်းနိုင်ငံရဲ့စိုက်ပျိုးရေးလုပ်ငန်းမှာ  လယ်သမားတွေဟာ မျှော်လင့်မထားတဲ့ အခက်အခဲကြီးတွေကြုံနေရပြီဖြစ်ပါတယ်။

Source CMG