Published 4 April 2022

အိမ်မွေးတိရိစ္ဆာန်တွေအတွက် ကျန်းမာရေးထုတ်ကုန်များ နိုင်ငံတကာကုန်စည်ပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဧပြီ ၃ ရက်က ဖွင့်လှစ်ခဲ့ရာမှာ ပြပွဲလာသူတွေဟာ များပြားလှတဲ့ ထုတ်ကုန်တွေကြောင့် သဘောကျနှစ်ချိုက်နေခဲ့ကြပါတယ်။

ဂျပန်နှင့် နိုင်ငံရပ်ခြားက ကုမ္ပဏီ ၄၀၀ကျော်တို့ဟာ ထောင်ပေါင်းများစွာရှိတဲ့ တိရိစ္ဆာန်ကျန်းမာရေးထုတ်ကုန်တွေကို လာရောက်ပြသခဲ့ကြပြီး ပြပွဲဟာ (၃)ရက်ကြာမြင့်မှာဖြစ်ပါတယ်။

အဲဒီထုတ်ကုန်တွေထဲမှာ အိမ်မွေးတိရစ္ဆာန်အစားအစာတွေ၊အဝတ်အထည်တွေ၊ အလှအပနှင့် ဆေးဝါးထုတ်ကုန်တွေ ပါဝင်ပါတယ်။ အများစုကတော့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အိမ်မွေးတိရိစ္ဆာန်အစားအစာတွေဖြစ်ကြပြီး ဝယ်ယူသူတွေ  သဘောကျနေကြပါတယ်။

သူ့အိမ်က ခွေးလေးက အစားဂျီးများလို့ အသည်းအားတိုးတဲ့ အစားအစာတွေအဓိကဝယ်ဖြစ်တယ်လို့ တစ်ဦးကပြောပါတယ်။

ဂျပန်မှာ ကလေးမွေးနှုန်းကျဆင်းနေပေမယ့် အိမ်မွေးတိရိစ္ဆာန်အရေအတွက်က ထိုးထောင်တက်နေပါတယ်။ခွေးတွေ ကြောင်တွေရဲ့ အရေအတွက်ဟာ အသက်၁၅နှစ်အောက်အရွယ် လူဦးရေထက် များနေပါတယ်။

ဂျပန်မှာ အိမ်မွေးတိရိစ္ဆာန်ထုတ်ကုန်ဈေးကွက်ရဲ့ အရွယ်အစားဟာ တိုးတက်နေပြီး ၂၀၂၂ခုနှစ်မှာ ၅၀၀ဘီလျံယန်းငွေ(အမေရိကန်ဒေါ်လာ ၄,၀၈ ဘီလီယံ)အထိရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

 Source CMG