Published 2 April 2022

အိုမီခရွန်ကနေထပ်ခွဲလာတဲ့  ဗိုင်းရပ်မျိုးကွဲအခွဲအသစ်တစ်ခု "XE" (အိတ်စ်အီး) ကို ရှာတွေ့ခဲ့ပြီး အဲဒါဟာ လက်ရှိကူးစက်မှုအမြန်ဆုံးဖြစ်နေတဲ့ အိုမီခရွန်အခွဲ BA.2 ထက် ကူးစက်မှု ၁၀ရာခိုင်နှုန်း မြန်ဆန်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။

"XE" (အိတ်စ်အီး)ဟာ အိုမီခရွန်၊, BA.1နှင့်  BA.2 တို့ပေါင်းစပ်မိပြီး ထပ်မံပေါ်ပေါက်လာတဲ့ မျိုးကွဲအခွဲတစ်ခုဖြစ်ပြီး သိသာစွာကွဲပြားတဲ့ ရောဂါဆိုးရွားမှုအပါအဝင် ရောဂါအသွင်အပြင်တွေမပြမချင်း အိုမီခရွန်ရဲ့ အခွဲဖြစ်နေဦးမှာပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့  မတ်၂၉ရက်က ထုတ်ပြန်တဲ့ ကပ်ရောဂါဆိုင်ရာ နောက်ဆုံးအစီရင်ခံစာမှာဖော်ပြထားပါတယ်။

Source CMG