Published 31 March 2022

"Die Hard" ကားတွေနှင့် နာမည်ကြီးခဲ့တဲ့ အက်ရှင်သရုပ်ဆောင်မင်းသား ဘရုစ်ဝီလစ်သည် နာမကျန်းဖြစ်တဲ့အတွက် သရုပ်ဆောင်ခြင်းမှ အနားယူတော့မယ်လို့ သူ့မိသားစုက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။

“ ဘရုစ်ဟာ ကျန်းမာရေးပြဿနာတွနှင့် ကြုံတွေ့နေရပြီး Aphasia လို့ခေါ်တဲ့ (ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်တဲ့) ရောဂါဖြစ်နေပါတယ်၊ အဲဒါက သူ့ရဲ့ အသိအမြင်စွမ်းဆောင်ရည်အပေါ်ထိခိုက်နေပါတယ်” လို့ မိသားစုက အင်စတာဂရမ်မှာ ပို့စ်တင်ထားပါတယ်။

“ အဲဒါကြောင့် ဘရုစ်ဟာ သူအင်မတန်ချစ်မြတ်နိုးတဲ့ ရုပ်ရှင်အလုပ်ကနေ ဝေးဝေးနေရမှာဖြစ်ပါတယ်”လို့ရေးသားထား ပါတယ်။

အဲဒီပို့စ်ကို ဝီလစ်ရဲ့ လက်ရှိဇနီး အင်မာဟမ်မင်းဝီလစ်၊ဇနီးဟောင်း ဒေမီမိုးနှင့် သူ့ရဲ့ကလေးတွေဖြစ်တဲ့ ရူမာ၊စကော့၊   တာလူလာ၊မေဘယ်လ်နှင့် အိုင်ဗလင်းတို့ က လက်မှတ်ရေးထိုးကြပါတယ်။

“ကျွန်မတို့မိသားစုအတွက် ဒါဟာ တကယ့်စိတ်ခေါ်နေတဲ့အချိန်ပါ။ သင်တို့ရဲ့ ဆက်လက်ချစ်ခင်မြတ်နိုးအားပေးမှုကို ကျေးဇူး   တင်ပါတယ်”လို့ရေးသားထားပါတယ်။

Aphasia ရောဂါဟာ လေဖြတ်တာ ဒါမှမဟုတ် ခေါင်းထိခိုက်ဒဏ်ရာကြောင့်ဖြစ်တတ်ပါတယ်။ ဆက်သွယ်ပြောဆိုနိုင်စွမ်း တွေကို ယုတ်လျော့စေပါတယ်လို့ မေယိုဆေးခန်းက ပြောပါတယ်။

“ စကားပြောဆိုတာ၊စာရေးတာနှင့် ဘာသာစကားကို အရေးစကားရောအပြောစကားနှစ်ခုစလုံးကို နားလည်တာတွေမှာ ချို့ယွင်းထိခိုက်မှုတွေဖြစ်စေပါတယ်”လို့ မေယိုကပြောပါတယ်။

Source AFP